We are Mann!
ကျွန်တော်တို့သည် သူရဦးရွှေမန်းဖြစ်သည်။
ကျွန်တော်တို့သည် သူရဦးရွှေမန်း လျှောက်သည့်လမ်းကို လိုက်ခဲ့ကြသည်။
ကျွန်တော်တို့သည် သူရဦးရွှေမန်းဆိုသည့် ပုဂ္ဂိုလ်နောက်လိုက်ခြင်းမဟုတ်။
ကျွန်တော်တို့သည် သူရဦးရွှေမန်း ဦးဆောင်ဖော်ဆောင်သည့် လမ်းစဉ်နောက်ကို လိုက်နေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် “ဖက်ဒရယ်” ဆိုသည့်စကားကို ဆယ်စုနှစ်များစွာ ပြောဆိုဆွေးနွေးခွင့်ပင် မရခဲ့သည့်ခေတ်တစ်ခေတ်ရှိခဲ့ဖူးသည်။ ထိုခေတ်ကို အဆုံးသတ်စေခဲ့သူမှာ သူရဦးရွှေမန်းဖြစ်သည်။ ဒီမိုကရေစီခေတ်တွင် “ဖက်ဒရယ်” ဆိုသည့် အယူအဆနှင့် စကားလုံးကို အစောဆုံးအနေဖြင့် “ရဲဝင့်စွာ” ပြောခဲ့သည့် ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်မှာ သူရဦးရွှေမန်းဖြစ်သည်။
“ရဲရင့်စွာ” ဆိုသည့် ကြိယာဝိသေသန သုံးပြီး အထူးပြုရသည်မှာ အကြောင်းရှိသည်။ ထိုအကြောင်းရင်းကို သီးခြားစာတစ်ပုဒ်ရေးပါဦးမည်။
“ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ” ကို သူရဦးရွှေမန်းဦးဆောင် တည်ထောင်ခဲ့သည့်အခါ ပါတီ၏ နိုင်ငံရေးရည်မှန်းချက်မှာ မြန်မာနိုင်ငံကို “ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်” အဖြစ် ထူထောင်နိုင်ရေးဖြစ်သည်။ “ဖက်ဒရယ်” ကို အဓိက အသားပေးထားသည်။ ဒါကို “သူရဦးရွှေမန်း” လမ်းစဉ်တစ်ခုဟု ကျွန်တော်က ဆိုချင်ပါသည်။
UBP ပါတီဝင်များအတွက် ကြီးမားသည့် နိုင်ငံရေး ရည်မှန်းချက်တာဝန်မှာ “ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်” တည်ဆောက်ရေးဖြစ်သည်။ ကျွန်တော်တို့ UBP ပါတီဝင်အားလုံးသည် သူရဦးရွှေမန်းလမ်းစဉ်အတိုင်း လိုက်ပါနေကြသည့် သူရဦးရွှေမန်းများ ဖြစ်ကြပါသည်။
Yes. We are Mann!
(Photo Designer >> Pan Thit)