fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ကိုရိုနာဗိုင်းရပ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သည့် နှာခေါင်းစီး (Face Mask) နှင့် PPE ဝတ်စုံများအား မြို့နယ်နှင့်တိုက်နယ်ဆေးရုံးများသို့ သွားရောက်လှူဒါန်း

0

(Unicode)
ကိုရိုနာဗိုင်းရပ်ရောဂါ ကုသုရေး၊ တိုက်ဖျက်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သည့် နှာခေါင်းစီး (Face Mask) နှင့် PPE ဝတ်စုံများအား မြို့နယ်နှင့်တိုက်နယ်ဆေးရုံးများသို့ သွားရောက်လှူဒါန်း
———————————
နေပြည်တော် ဧပြီ ၃

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် နှာခေါင်းစီး (Face Mask) များနှင့် ရောဂါကာကွယ်ရေးဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။

ထိုသို့လှူဒါန်းမှုအစီအစဉ်၏ တတိယနေ့ရက်အဖြစ် ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ရှိ အုတ်ဖိုမြို့နယ်ဆေးရုံ၊ ကြို့ပင်ကောက်မြို့နယ်ဆေးရုံ၊ ဇီးကုန်းမြို့နယ်ဆေးရုံ၊ နတ်တလင်းမြို့နယ်ဆေးရုံ၊ ပေါင်းတည်မြို့နယ်ဆေးရုံ၊ သဲကုန်းမြို့နယ်ဆေးရုံ၊ ပေါက်ခေါင်းမြို့နယ်ဆေးရုံ၊ ပန်းတောင်းမြို့နယ်ဆေးရုံ၊ ရွှေတောင်မြို့နယ်ဆေးရုံ၊ လက်ပံတန်းမြို့နယ်ဆေးရုံ၊ မင်းလှမြို့နယ်ဆေးရုံ၊ မိုးညိုမြို့နယ်ဆေးရုံ၊ သာယာဝတီမြို့နယ်ဆေးရုံ၊ ပြည်မြို့ရှိ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ဖြူးနယ်အတွင်းရှိ တိုက်နယ်ဆေးရုံများသို့ ပါတီမှတာဝန်ရှိသူများ ဆေးရုံအရောက် သွားရောက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် သက်ဆိုင်ရာဆေးရုံများမှ ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

(Zawgyi)
ကိုရိုနာဗိုင်းရပ်ရောဂါ ကုသုရေး၊ တိုက်ဖျက်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သည့် နှာခေါင်းစီး (Face Mask) နှင့် PPE ဝတ်စုံများအား မြို့နယ်နှင့်တိုက်နယ်ဆေးရုံးများသို့ သွားရောက်လှူဒါန်း
———————————
နေပြည်တော် ဧပြီ ၃

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် နှာခေါင်းစီး (Face Mask) များနှင့် ရောဂါကာကွယ်ရေးဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။

ထိုသို့လှူဒါန်းမှုအစီအစဉ်၏ တတိယနေ့ရက်အဖြစ် ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ရှိ အုတ်ဖိုမြို့နယ်ဆေးရုံ၊ ကြို့ပင်ကောက်မြို့နယ်ဆေးရုံ၊ ဇီးကုန်းမြို့နယ်ဆေးရုံ၊ နတ်တလင်းမြို့နယ်ဆေးရုံ၊ ပေါင်းတည်မြို့နယ်ဆေးရုံ၊ သဲကုန်းမြို့နယ်ဆေးရုံ၊ ပေါက်ခေါင်းမြို့နယ်ဆေးရုံ၊ ပန်းတောင်းမြို့နယ်ဆေးရုံ၊ ရွှေတောင်မြို့နယ်ဆေးရုံ၊ လက်ပံတန်းမြို့နယ်ဆေးရုံ၊ မင်းလှမြို့နယ်ဆေးရုံ၊ မိုးညိုမြို့နယ်ဆေးရုံ၊ သာယာဝတီမြို့နယ်ဆေးရုံ၊ ပြည်မြို့ရှိ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ဖြူးနယ်အတွင်းရှိ တိုက်နယ်ဆေးရုံများသို့ ပါတီမှတာဝန်ရှိသူများ ဆေးရုံအရောက် သွားရောက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် သက်ဆိုင်ရာဆေးရုံများမှ ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

Image may contain: 3 people, people standing
Share.

About Author

Comments are closed.