fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

UBP ၏ နိုင်ငံတော်တည်ဆောက်ရေး ရှူမျှော်ခင်း (၄)

0

UBP ၏ နိုင်ငံတော်တည်ဆောက်ရေး ရှူမျှော်ခင်း (၄)
++++++++++++++++++++++++
Strategy , Party Philosophy
(နိုင်ငံရေးသဘောတရားနှင့်မဟာဗျူဟာ)
++++++++++++++++++++++++
အချိန်မလင့်မီ ၊ အရှိန်မြှင့်ချီဖို့ ၊
UBP ကို ဝန်းရံဗျို့
——————————————–
လက်ရှိဒီမိုကရေစီပါတီစုံ နိုင်ငံရေးစနစ်တွင်
နိုင်ငံရေးကို ဥပဒေဘောင်အတွင်းမှ
ဆောင်ရွက်ရေး
တနည်းဆိုရသော်
နိုင်ငံစီမံခန့်ခွဲနိုင်ခွင့်အာဏာကို
တရားနည်းလမ်းကျစွာ
ရယူနိုင်ရေးအတွက်
နိုင်ငံရေးပါတီ တစ်ခုအဖြစ်
ထူထောင်ဆောင်ရွက်ခွင့်ရနေပြီ ဖြစ်ပါသည်။
နိုင်ငံရေးပါတီ တစ်ခုအဖြစ်
သိက္ခာရှိစွာ
ထူထောင်ရပ်တည်ရန်မှာ
လွယ်ကူသည့်လမ်းကြောင်းမဟုတ်သကဲ့သို့
မျော်မှန်းထားသည့် ရလာဒ်များ
ရရှိရန်မှာလည်း
စိတ်ကောင်းစေတနာကောင်းရှိတိုင်း
ကြိုးစားတိုင်း မဖြစ်တတ်ပါကြောင်း
နိုင်ငံရေး အတက်အကျ ကိုဖြတ်သန်းခဲ့သူများပီပီ
UBP ကို ဦးဆောင်သူများက
ကောင်းစွာ သဘောပေါက်ပါသည်။
သို့ရာတွင်
မိမိတို့ ပါတီ အနေဖြင့်
ရပ်တည်ရှင်သန်ရေး ၊
စည်းရုံးရေး ၊
ရွေးကောက်ခံရေးတို့အပြင်
နိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်သူများ၏
ဥပဒေအရ အပ်နှင်းသောအာဏာဖြင့်
ဆောင်ရွက်ခွင့်ရရှိရေးတို့အတွက်
တွေးကြံ စီမံသမျှ မဟာဗျူဟာ ၊နည်းဗျူဟာများတွင်
နိုင်ငံတော်နှင့် နိုင်ငံသားတို့၏
လူမှုစီးပွားဘဝ ပိုမိုတိုးတက်ရန်
နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော
ငြိမ်းချမ်းရေးဖြစ်စဉ်များတိုးတက်ရန်တို့ကို
နှလုံးသွင်း ဆင်ခြင်ကာ
ဂရုဓမ္မပြုဆောင်ရွက်သွားကြရန်
ရည်သန်ထားပြီး ဖြစ်ပါသည်။

#SPEED
#CHANGEforBETTERMENT
#WeLoveMyanmar
#UBP
#StrategicGoals

————————————

UBP ၏ ႏိုင္ငံေတာ္တည္ေဆာက္ေရး ႐ွဴေမွ်ာ္ခင္း (၄)
++++++++++++++++++++++++
Strategy , Party Philosophy
(ႏိုင္ငံေရးသေဘာတရားႏွင့္မဟာဗ်ဴဟာ)
++++++++++++++++++++++++
အခ်ိန္မလင့္မီ ၊ အရွိန္ျမႇင့္ခ်ီဖို႔ ၊
UBP ကို ဝန္းရံဗ်ိဳ႕
——————————————–
လက္ရွိဒီမိုကေရစီပါတီစုံ ႏိုင္ငံေရးစနစ္တြင္
ႏိုင္ငံေရးကို ဥပေဒေဘာင္အတြင္းမွ
ေဆာင္ရြက္ေရး
တနည္းဆိုရေသာ္
ႏိုင္ငံစီမံခန္႔ခြဲႏိုင္ခြင့္အာဏာကို
တရားနည္းလမ္းက်စြာ
ရယူႏိုင္ေရးအတြက္
ႏိုင္ငံေရးပါတီ တစ္ခုအျဖစ္
ထူေထာင္ေဆာင္ရြက္ခြင့္ရေနၿပီ ျဖစ္ပါသည္။
ႏိုင္ငံေရးပါတီ တစ္ခုအျဖစ္
သိကၡာရွိစြာ
ထူေထာင္ရပ္တည္ရန္မွာ
လြယ္ကူသည့္လမ္းေၾကာင္းမဟုတ္သကဲ့သို႔
ေမ်ာ္မွန္းထားသည့္ ရလာဒ္မ်ား
ရရွိရန္မွာလည္း
စိတ္ေကာင္းေစတနာေကာင္းရွိတိုင္း
ႀကိဳးစားတိုင္း မျဖစ္တတ္ပါေၾကာင္း
ႏိုင္ငံေရး အတက္အက် ကိုျဖတ္သန္းခဲ့သူမ်ားပီပီ
UBP ကို ဦးေဆာင္သူမ်ားက
ေကာင္းစြာ သေဘာေပါက္ပါသည္။
သို႔ရာတြင္
မိမိတို႔ ပါတီ အေနျဖင့္
ရပ္တည္ရွင္သန္ေရး ၊
စည္း႐ုံးေရး ၊
ေရြးေကာက္ခံေရးတို႔အျပင္
ႏိုင္ငံေတာ္တည္ေဆာက္ေရးတြင္ ျပည္သူမ်ား၏
ဥပေဒအရ အပ္ႏွင္းေသာအာဏာျဖင့္
ေဆာင္ရြက္ခြင့္ရရွိေရးတို႔အတြက္
ေတြးႀကံ စီမံသမွ် မဟာဗ်ဴဟာ ၊နည္းဗ်ဴဟာမ်ားတြင္
ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို႔၏
လူမႈစီးပြားဘဝ ပိုမိုတိုးတက္ရန္
ႏိုင္ငံအတြက္ အေရးတႀကီးလိုအပ္ေနေသာ
ၿငိမ္းခ်မ္းေရးျဖစ္စဉ္မ်ားတိုးတက္ရန္တို႔ကို
ႏွလုံးသြင္း ဆင္ျခင္ကာ
ဂ႐ုဓမၼျပဳေဆာင္ရြက္သြားၾကရန္
ရည္သန္ထားၿပီး ျဖစ္ပါသည္။

#SPEED
#CHANGEforBETTERMENT
#WeLoveMyanmar
#UBP
#StrategicGoals

Share.

About Author

Comments are closed.