fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“UBP သည် ပြည်ထောင်စုသားအားလုံး နှင့် သက်ဆိုင်သောပါတီဖြစ်ပြီး ပြည်သူများ ၏ထောက်ခံအားပေးမှုသည် အဓိကကျကြောင်း” သူရဦးရွှေမန်းပြောကြား

0

လက်ပံတန်း ဇွန် ၆ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ရှိ ပတ္တမြားခန်းမ၌ ပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ မင်းလှမြို့နယ်၊ နတ္တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ မိုးညိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်တို့မှ မြို့မိမြို့ဖများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် “ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် တစ်ဦး တစ်ဖွဲ့နှင့်သာသက်ဆိုင်သည့်ပါတီ မဟုတ်ဘဲ ပြည်ထောင်စုသား အားလုံးနှင့် သက်ဆိုင်အကျုံးဝင်သောပါတီ ဖြစ်ကြောင်း၊ ပါတီဖွဲ့စည်း ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ဆောင်ရွက်ရန် စေတနာ အရည်အချင်း အတွေ့အကြုံရှိသူများပါဝင်ကြပြီး ထိုက်တန်သည့်နေရာ သင့်လျော်သည့်တာဝန်ယူကြစေလိုကြောင်း၊ ဝန်းရံအားပေးခြင်းဖြင့်လည်း ဆောင်ရွက်နိုင်ပါကြောင်း၊ စေတနာ အရည်အချင်း စွမ်းဆောင်ရည်ရှိကြသည့်တိုင် ပြည်သူများက တာဝန်ပေးအပ်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ရာ ပြည်သူများ၏ ထောက်ခံအားပေးမှုသည် အဓိက ဖြစ်ကြောင်း” ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။ ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး ၊ ဒေသဖွံ့ဖြိုးရေး ၊ တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့်အကျိုး စီးပွားမြှင့်တင်ရေး၊ ပညာရေး၊ ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ကြရာ ပါတီခေါင်းဆောင် သူရဦးရွှေမန်းက လက်ခံရယူကြောင်း သတင်းရရှိသည်။

Share.

About Author

Leave A Reply