fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

UBP မိတ်ဆက် – ဦးကျော်စန်း (ပဲခူးတိုင်း)

0

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)ကို စတင်တည်ထောင်စဥ်ကတည်းက ပါဝင်ခဲ့ပြီး ယခုလည်း ဗဟို အလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီးရဲ့ ပါတီတာဝန်များကို ထမ်းဆောင်နေတဲ့ “ဦးကျော်စန်း” ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ အရပ်ဖက် အရာရှိကြီးတစ်ဦးအဖြစ် နှစ်ကာလတာရှည် တာဝန်ကျေပွန်ခဲ့သလို ဒီမိုကရေစီ အစိုးရ ၂၀၁၀-၂၀၁၉ ကာလတွေမှာလည်း ဥပဒေပြုရေးနဲ့ အထူးကိစ္စရပ်များကို လေ့လာဆန်းစစ်လျက် အကြံပြုတင်ပြကာ ပါတီစွဲ ၊ဘာသာစွဲ ၊ လူမျိုးစွဲ ၊ အမုန်းတရားကင်းကင်းနဲ့ နိုင်ငံတော်အကျိုးကို ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ယခု နိုင်ငံရေးတာဝန်များကို ယူရတဲ့အခါမှာလည်း ပြည်သူလူထုကသာ တာဝန်ပေးအပ်ခဲ့ရင် – လူမှုစီးပွားတိုးတက်ဖို့ – တရားဥပေဒစိုးမိုးဖို့ – မူးယစ်ဆေးဝါးပပျောက်ဖို့ – နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ရှိထားတဲ့ အတွေ့အကြုံတွေကို အခြေခံလို့ ခေတ်စနစ်နဲ့ အညီ ကောင်းသထက်ကောင်းအောင် အချိန်မလင့်မှီ အရှိန်မြှင့်ချီကာ ပြည်သူကို မျက်နှာမူလျက် ကောင်းကျိုးဆောင်ဖို့ သံန္နိဋ္ဌာန် ချထားသူ တစ်ဦးပါ။

#UBP

#Political #Economic #Development #SPEED4BETTERMENT #WeLoveMyanmar

Share.

About Author

Comments are closed.