fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

UBP မိတ်ဆက် – ဒေါက်တာမင်းသန်းညွန့် (နေပြည်တော်)

0

ကျန်းမာရေးဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ဆရာကြီး ဒေါက်တာ မင်းသန်းညွန့်ဟာ နေပြည်တော်နယ်မြေ ဥတ္တရသီရိ မြို့နယ်မှာ သူ့ကိုယ်ပိုင် လုပ်ငန်းများကိုလုပ်ကိုင်ရင်း တိုင်ရေးပြည်ရေးကိုလည်း မျက်ခြေမပြတ် နားစွင့်သူပါ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ကို သူရဦးရွှေမန်း ဦးဆောင်လို့ စတင်တည်ထောင်ပြီ ဆိုကတည်းက စိတ်ဝင်တစား စောင့်ကြည့်လေ့လာပြီးမှ ပါတီဝင်အဖြစ် ဝင်ရောက်ပြီး ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့သူ လည်း ဖြစ်ပါတယ်။ ဆရာဟာ သူရဲ့ ဆယ်စုနှစ်များစွာ အတွေ့အကြုံများကိုမူတည်လို့ စေတနာ သန့်သန့်နဲ့ တိုင်းပြည်နဲ့နိုင်ငံသားတို့အပေါ် အကျိုးပြုဖို့ နိုင်ငံရေးသမားဘဝကို စတင်တည်ဆောက်ရင်း သူ့အတွေး သူ့အမြင်များကို သူလေးစားတဲ့ ပြည်သူတွေထံ မျှဝေထားပါတယ်။

#UBP

#WeLoveMyanmar

#DoctorMinThantNyunt

#CHANGEforBETTERMENT

Share.

About Author

Comments are closed.