fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

UBP မိတ်ဆက် – ဒေါက်တာခင်မြလွင် (ပဲခူးတိုင်း)

0

🩺 ဒေါက်တာခင်မြလွင်ဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ကို စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး ယခုအချိန်မှာတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးအနေနဲ့လည်း ပါတီတာဝန်များကို အင်တိုက်အားတိုက် ဆောင်ရွက်နေသူ ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝသူ တစ်ဦးဖြစ်ပါတယ်။ ဆရာဝန်တစ်ဦးဖြစ်ပြီး မိမိဇာတိ နယ်မြေမှာလည်း ပရဟိတ လုပ်ငန်းများကို ထူးထူးချွန်ချွန်ဆောင်ရွက်နေသူပါ။ ပညာရေး ၊ ကျန်းမာရေး ၊ အမျိုးသမီးများအရေး စတဲ့ လူမှုရေး(Social ) ဆိုင်ရာ ကဏ္ဍများ တောင်သူလယ်သမားဘဝ တိုးတက်မြင့်မားရေးဆိုင်ရာ စီးပွားရေး နဲ့ ဖွံ့ဖြိုးရေး (Economic and Development) ဆိုင်ရာ ကဏ္ဍတွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (Environmental) ကောင်းကျိုးဆောင်နိုင်ဖို့တွေကို စိတ်ပါလက်ပါ လေ့လာပြီး ထဲထဲဝင်ဝင် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ မိသားစုဘဝကိုပိုင်ဆိုင်ပြီး သားသမီးများကိုလည်း ထူးချွန်ထက်မြက်စွာ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်အောင် တည်ဆောက်ထားခဲ့နိုင်သူပီပီ ပရဟိတရဲ့ အမြင့်ဆုံးစံ ဖြစ်တဲ့ နိုင်ငံရေးနယ်ပယ်ကို ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်ဝင်ရောက်ရာမှာတော့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပါတီကို စိတ်လုံခြုံစွာ ရွေးချယ်ခဲ့ပါတယ်။ သူ့အနေနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်တစ်ဦးအဖြစ် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သွားပြီး ပြည်သူတွေ တာဝန်ပေးအပ်ရင် သူကျွမ်းကျင်တဲ့ ကဏ္ဍတွေကနေ ပြည်ထောင်စုကြီးနဲ့ ပြည်ထောင်စုသားတို့ရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်။

#UBP

#ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

#CHANGEforBETTERMENT

#WeLoveMyanmar

#ဒေါက်တာခင်မြလွင်

Share.

About Author

Comments are closed.