fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

UBP ခေါင်းဆောင် သူရဦးရွှေမန်း၏ အမြင်မျှဝေမှု

0

သူများအပြစ်မပြောနဲ့ ၊
ကိုယ်အပြစ်မဖြစ်အောင်နေ။
သူများမကောင်း မပြောနဲ့ ၊
ကိုယ်ကောင်းအောင်နေ ။
နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးအတွက်ဆို
မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်ပါ။
တစ်ဦးချင်း အကျိုးထက် ပါတီအကျိုး ၊
ပါတီ အကျိုးထက် နိုင်ငံအကျိုးအဆင့်ဆင့် ဦးစားပေးပါ။
———————————————————————
၂၀၂၀ခုနှစ်
ဇူလိုင်လဆန်းမှာတော့
UBP ခေါင်းဆောင် သူရဦးရွှေမန်းဟာ
အနှစ်နှစ်အလလတိုင်
သူဆန္ဒ အမှန်ရှိခဲ့တဲ့အတိုင်း
မြန်မာနိုင်ငံကို
ကောင်းသထက်ကောင်းအောင်
စုစည်းတည်ဆောက်လိုတဲ့စိတ်နဲ့
ကြိုတင် အချိန်ယူပြင်ဆင်ထားခဲ့တဲ့
မူဝါဒ၊ စီမံချက် ၊ စီမံကိန်း ၊ အစီအမံများစွာကို
ပြည်သူလူထုထံ
ထုတ်ပြန်အသိပေးဖို့
ဆောင်ရွက်ခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့
UBP က ခေါင်းဆောင်တွေနဲ့ပါတီဝင်တွေဟာ
ချစ်တဲ့နိုင်ငံတော်ကို
ဖက်ဒရယ်ဒီမိုကရေစီ စနစ်အောက်မှာ
ကောင်းသထက်ကောင်းအောင်
မြှင့်တင်တည်ဆောက်နိုင်ဖို့
ရည်မှန်းလုပ်ကိုင်သမျှ
အရာရာကို
S,P,E,E,D ဆိုတဲ့
(လူမှုရေး ၊ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပါတ်ဝန်းကျင်အရေး နဲ့ ဖွံ့ဖြိုးရေး)
ရှူထောင့် / ကဏ္ဍ (၅) မျက်နှာကနေ
ရှူမြင်သုံးသပ်ဆောင်ရွက်ကြဖို့
သူ့အတွေ့အကြုံအမြင်သဘောထားတွေနဲ့ ယှဉ်ပြီး
တိုက်တွန်းချပြသွားခဲ့ပါပြီ.. ။

ဆက်လက်ပြီးတော့လည်း
သူ့အိပ်မက်
သူ့အစီအမံတွေကို
ပြည်သူလူထု နားလည်လက်ခံလာတဲ့အထိ
ရှင်းပြသွားကြဖို့
UBP ပါတီဝင်တွေကို
တိုက်တွန်းထားပါတယ်။

သူရဦးရွှေမန်း ခေါင်းဆောင်တဲ့
UBP ပါတီက
ပုံဖော်တည်ဆောက်ချင်တဲ့
နိုင်ငံတော် ဒီဇိုင်းဟာ ဘယ်လို ရှိနေမှာပါလဲ ။

အဆောက်အဦးတစ်ခုမှာ
အုဌ်မြစ် ခိုင်မှာမှ
ရေရှည်တည်တံ့မှာဖြစ်သလို
တစ်ဦးချင်းဖြစ်စေ
အဖွဲ့အစည်းဖြစ်စေ
အောင်မြင်စွာရပ်တည်ဖို့ ၊
နိုင်ငံတော်ကို ပိုကောင်းမွန်အောင် တည်ဆောက်ဖို့
ဆိုရင်
“ခံယူထားတဲ့နိုင်ငံရေးသီလနဲ့ကိုယ်ကျင့်တရားတန်ဖိုး” က
မယိုင်မလဲ ခိုင်မြဲဖို့လိုပါသတဲ့။

ဒါကြောင့်မို့
နေ့စဉ်နေ့တိုင်း
မိမိကိုယ်ကို သုံးသပ်ရှူမြင်တိုင်း၊
ထွက်သက်ဝင်သက်တိုင်းမှာ
“နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက်
ငါတို့ ရှင်သန်လှုပ်ရှားနေတာဖြစ်တယ်” လို့
ယုံကြည်မှု ခိုင်မာအားကောင်းနေမှ ၊
အန္တိမ ရည်မှန်းချက်ရှိနေမှ၊
“နိုင်ငံကို ကောင်းစေချင်တဲ့ အခြား
Stakeholder တွေနဲ့လည်း
ယုံကြည်မှု တည်ဆောက်ကာ
ဘယ်သူ့ကိုမှ ချန်မထားခဲ့ပဲ
အပြန်အလှန်လေးစားမှုနဲ့
ပေါင်းစပ် အလုပ်လုပ်နိုင်မှာ ” လို့
ခေါင်းဆောင်ရဲ့ အမြင်ကို
အမြဲမျှဝေလေ့ရှိပါတယ်။

ဒီနေ့တော့
အဆောက်အဦးတစ်ခုရဲ့
အုဌ်မြစ်သဖွယ်ဖြစ်တဲ့
တန်ဖိုးထားမှု (Values) တွေ
ကိုယ်ကျင့်တရား (Virtue Ethics) တွေကို
UBP ခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့
ဝန်းရံသူတွေကပါ
လက်တွေ့ကျင့်သုံးနိုင်ကြစေဖို့
အမြဲသတိရ နှလုံးသွင်းနိုင်အောင်
ပုံနဲ့ယှဉ်တွဲလို့
တင်ပြထားတာပါ။

ဒါကြောင့်မို့
“UBP ဆိုတဲ့ နိုင်ငံရေးအဖွဲ့အစည်းဟာ ”
“What are your Core values” ဆိုတဲ့
ကြိမ်ဖန်များစွာကြုံရတဲ့ မေးခွန်းကို

“သူများအပြစ်မပြောနဲ့ ၊
ကိုယ်အပြစ်မဖြစ်အောင်နေ။
သူများမကောင်း မပြောနဲ့ ၊
ကိုယ်ကောင်းအောင်နေ ။
နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးအတွက်ဆို
မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်ပါ။
တစ်ဦးချင်း အကျိုးထက် ပါတီအကျိုး ၊
ပါတီ အကျိုးထက် နိုင်ငံအကျိုးအဆင့်ဆင့် ဦးစားပေးပါ။ ” ဆိုတဲ့
တန်ဖိုးထားမှု ကိုယ်ကျင်အဘိဓမ္မာတွေကို
တစ်ဦးချင်း ၊ ပါတီ နဲ့ အနာဂါတ်နိုင်ငံရဲ့ အုဌ်မြစ်သဖွယ်
စွဲမြဲစွာ တည်ရှိစေဖို့
တစိုက်မတ်မတ် ကြိုးစားနေပါတယ်လို့
သူရဦးရွှေမန်းက
အတိုချုပ်ဖြေကြားလေ့
ရှိတာပါပဲ ဖြစ်ပါတယ်။

ဆက်လက် တင်ပြသွားပါရစေ ။

#StrategyMap
#Values
#SPEED
#Episode1
#UBP
#WeLoveMyanmar

————————-

 

Share.

About Author

Comments are closed.