fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

UBP ခေါင်းဆောင် သူရဦးရွှေမန်း မူဝါဒ၊ စီမံချက် ၊ စီမံကိန်း ၊ အစီအမံများစွာကို ပြည်သူလူထုထံ ထုတ်ပြန်အသိပေး

0

မိမိတို့နိုင်ငံ နှင့် မိမိတို့နိုင်ငံသားများ၏
အကျိုးစီးပွားအတွက်
UBP ရှင်သန်နေခြင်း ဖြစ်သည်။
—————————————–
၂၀၂၀ခုနှစ်
ဇူလိုင်လဆန်းမှာတော့
UBP ခေါင်းဆောင် သူရဦးရွှေမန်းဟာ
အနှစ်နှစ်အလလတိုင်
သူဆန္ဒ အမှန်ရှိခဲ့တဲ့အတိုင်း
မြန်မာနိုင်ငံကို
ကောင်းသထက်ကောင်းအောင်
စုစည်းတည်ဆောက်လိုတဲ့စိတ်နဲ့
ကြိုတင် အချိန်ယူပြင်ဆင်ထားခဲ့တဲ့
မူဝါဒ၊ စီမံချက် ၊ စီမံကိန်း ၊ အစီအမံများစွာကို
ပြည်သူလူထုထံ
ထုတ်ပြန်အသိပေးဖို့
ဆောင်ရွက်ခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့
UBP က ခေါင်းဆောင်တွေနဲ့ပါတီဝင်တွေဟာ
ချစ်တဲ့နိုင်ငံတော်ကို
ဖက်ဒရယ်ဒီမိုကရေစီ စနစ်အောက်မှာ
ကောင်းသထက်ကောင်းအောင်
မြှင့်တင်တည်ဆောက်နိုင်ဖို့
ရည်မှန်းလုပ်ကိုင်သမျှ
အရာရာကို
S,P,E,E,D ဆိုတဲ့
(လူမှုရေး ၊ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပါတ်ဝန်းကျင်အရေး နဲ့ ဖွံ့ဖြိုးရေး)
ရှူထောင့် / ကဏ္ဍ (၅) မျက်နှာကနေ
ရှူမြင်သုံးသပ်ဆောင်ရွက်ကြဖို့
သူ့အတွေ့အကြုံအမြင်သဘောထားတွေနဲ့ ယှဉ်ပြီး
တိုက်တွန်းချပြသွားခဲ့ပါပြီ.. ။

ဆက်လက်ပြီးတော့လည်း
သူ့အိပ်မက်
သူ့အစီအမံတွေကို
ပြည်သူလူထု နားလည်လက်ခံလာတဲ့အထိ
ရှင်းပြသွားကြဖို့
UBP ပါတီဝင်တွေကို
တိုက်တွန်းထားပါတယ်။

သူရဦးရွှေမန်း ခေါင်းဆောင်တဲ့
UBP ပါတီက
ပုံဖော်တည်ဆောက်ချင်တဲ့
နိုင်ငံတော် ဒီဇိုင်းဟာ ဘယ်လို ရှိနေမှာပါလဲ ။

အဆောက်အဦးတစ်ခုမှာ
ခေါင်က မိုးလုံမှ
တံစက်မြိတ်တွေလည်း လုံမှာ ဖြစ်သလို
တစ်ဦးချင်းဖြစ်စေ
အဖွဲ့အစည်းဖြစ်စေ
နိုင်ငံတော်ဖြစ်စေ
တည်ဆောက်ရာမှာ
ယုံကြည်မှု က အမိုးပမာ ခိုင်မာလုံခြုံရပါသတဲ့။

ဒါကြောင့်မို့
နေ့စဉ်နေ့တိုင်း
မိမိကိုယ်ကို သုံးသပ်ရှူမြင်တိုင်း၊
ထွက်သက်ဝင်သက်တိုင်းမှာ
“နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက်
ငါတို့ ရှင်သန်လှုပ်ရှားနေတာဖြစ်တယ်” လို့
ယုံကြည်မှု ခိုင်မာအားကောင်းနေမှ ၊
အန္တိမ ရည်မှန်းချက်ရှိနေမှ၊
“နိုင်ငံကို ကောင်းစေချင်တဲ့ အခြား
Stakeholder တွေနဲ့လည်း
ယုံကြည်မှု တည်ဆောက်ကာ
ဘယ်သူ့ကိုမှ ချန်မထားခဲ့ပဲ
အပြန်အလှန်လေးစားမှုနဲ့
ပေါင်းစပ် အလုပ်လုပ်နိုင်မှာ ” လို့
ခေါင်းဆောင်ရဲ့ အမြင်ကို
အမြဲမျှဝေလေ့ရှိပါတယ်။

ဒါကြောင့်မို့
“UBP ဘာကြောင့် တည်ထောင်လှုပ်ရှားနေရသလဲ ”
“Why do UBP exist ?” ဆိုတဲ့
ကြိမ်ဖန်များစွာကြုံရတဲ့ မေးခွန်းကို
“နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်
UBP တည်ရှိနေတာပါ” လို့
သူရဦးရွှေမန်းက အတိုချုပ်ဖြေကြားလေ့
ရှိတာပါပဲ ဖြစ်ပါတယ်။

ဆက်လက် တင်ပြသွားပါရစေ ။

———————————————-

မိမိတို့နိုင်ငံ နှင့် မိမိတို့နိုင်ငံသားများ၏
အကျိုးစီးပွားအတွက်
UBP ရှင်သန်နေခြင်း ဖြစ်သည်။
—————————————–
၂၀၂၀ခုနှစ်
ဇူလိုင်လဆန်းမှာတော့
UBP ခေါင်းဆောင် သူရဦးရွှေမန်းဟာ
အနှစ်နှစ်အလလတိုင်
သူဆန္ဒ အမှန်ရှိခဲ့တဲ့အတိုင်း
မြန်မာနိုင်ငံကို
ကောင်းသထက်ကောင်းအောင်
စုစည်းတည်ဆောက်လိုတဲ့စိတ်နဲ့
ကြိုတင် အချိန်ယူပြင်ဆင်ထားခဲ့တဲ့
မူဝါဒ၊ စီမံချက် ၊ စီမံကိန်း ၊ အစီအမံများစွာကို
ပြည်သူလူထုထံ
ထုတ်ပြန်အသိပေးဖို့
ဆောင်ရွက်ခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့
UBP က ခေါင်းဆောင်တွေနဲ့ပါတီဝင်တွေဟာ
ချစ်တဲ့နိုင်ငံတော်ကို
ဖက်ဒရယ်ဒီမိုကရေစီ စနစ်အောက်မှာ
ကောင်းသထက်ကောင်းအောင်
မြှင့်တင်တည်ဆောက်နိုင်ဖို့
ရည်မှန်းလုပ်ကိုင်သမျှ
အရာရာကို
S,P,E,E,D ဆိုတဲ့
(လူမှုရေး ၊ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပါတ်ဝန်းကျင်အရေး နဲ့ ဖွံ့ဖြိုးရေး)
ရှူထောင့် / ကဏ္ဍ (၅) မျက်နှာကနေ
ရှူမြင်သုံးသပ်ဆောင်ရွက်ကြဖို့
သူ့အတွေ့အကြုံအမြင်သဘောထားတွေနဲ့ ယှဉ်ပြီး
တိုက်တွန်းချပြသွားခဲ့ပါပြီ.. ။

ဆက်လက်ပြီးတော့လည်း
သူ့အိပ်မက်
သူ့အစီအမံတွေကို
ပြည်သူလူထု နားလည်လက်ခံလာတဲ့အထိ
ရှင်းပြသွားကြဖို့
UBP ပါတီဝင်တွေကို
တိုက်တွန်းထားပါတယ်။

သူရဦးရွှေမန်း ခေါင်းဆောင်တဲ့
UBP ပါတီက
ပုံဖော်တည်ဆောက်ချင်တဲ့
နိုင်ငံတော် ဒီဇိုင်းဟာ ဘယ်လို ရှိနေမှာပါလဲ ။

အဆောက်အဦးတစ်ခုမှာ
ခေါင်က မိုးလုံမှ
တံစက်မြိတ်တွေလည်း လုံမှာ ဖြစ်သလို
တစ်ဦးချင်းဖြစ်စေ
အဖွဲ့အစည်းဖြစ်စေ
နိုင်ငံတော်ဖြစ်စေ
တည်ဆောက်ရာမှာ
ယုံကြည်မှု က အမိုးပမာ ခိုင်မာလုံခြုံရပါသတဲ့။

ဒါကြောင့်မို့
နေ့စဉ်နေ့တိုင်း
မိမိကိုယ်ကို သုံးသပ်ရှူမြင်တိုင်း၊
ထွက်သက်ဝင်သက်တိုင်းမှာ
“နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက်
ငါတို့ ရှင်သန်လှုပ်ရှားနေတာဖြစ်တယ်” လို့
ယုံကြည်မှု ခိုင်မာအားကောင်းနေမှ ၊
အန္တိမ ရည်မှန်းချက်ရှိနေမှ၊
“နိုင်ငံကို ကောင်းစေချင်တဲ့ အခြား
Stakeholder တွေနဲ့လည်း
ယုံကြည်မှု တည်ဆောက်ကာ
ဘယ်သူ့ကိုမှ ချန်မထားခဲ့ပဲ
အပြန်အလှန်လေးစားမှုနဲ့
ပေါင်းစပ် အလုပ်လုပ်နိုင်မှာ ” လို့
ခေါင်းဆောင်ရဲ့ အမြင်ကို
အမြဲမျှဝေလေ့ရှိပါတယ်။

ဒါကြောင့်မို့
“UBP ဘာကြောင့် တည်ထောင်လှုပ်ရှားနေရသလဲ ”
“Why do UBP exist ?” ဆိုတဲ့
ကြိမ်ဖန်များစွာကြုံရတဲ့ မေးခွန်းကို
“နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်
UBP တည်ရှိနေတာပါ” လို့
သူရဦးရွှေမန်းက အတိုချုပ်ဖြေကြားလေ့
ရှိတာပါပဲ ဖြစ်ပါတယ်။

ဆက်လက် တင်ပြသွားပါရစေ ။

#StrategyMap
#Mission
#SPEED
#Episode1
#UBP
#WeLoveMyanmar

Share.

About Author

Comments are closed.