fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

UBPပါတီက ရွေပြည်သာမြို့နယ်မှ သတင်းစာဆရာကြီးများနှင့် စာရေး ဆရာကြီးများကို ရိက္ခာထုပ်များ ထောက်ပံ့လှူဒါန်း

0

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) က ရွေပြည်သာမြို့နယ်မှ သတင်းစာဆရာအသင်းဝင်များနှင့်စာရေးဆရာအသင်းဝင်များကို ဆန်၊ ဆီ၊ ဆားစသည်များထောက်ပံလှူဒါန်းခဲ့ကြောင်းသတင်းစာဆရာအသင်းဝင်များထံမှ။ သိရသည်။

Covid 19 ရောဂါ ကာကွယ်ရေးကာလအတွင်းအိမ်တွင်းHomeStay နေထိုင်နေကြရသော ပြည်သူ များကို (UBP)ပါတီမှတတ်နိုင်သမျှ ကူညီထောက်ပံမည်ဟူသောရည်ရွယ်ချက်ဖြင့် ရွှေပြည်သာမြို့နယ်၊အမှတ် (၆) ရပ်ကွက် ဟားခါးပန်းခြံဓမ္မာရုံတွင် ဧပြီလ (၉) ရက်၊ နံနက် (၇)နာရီအချိန် က ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီမှ ရန်ကုန်တိုင်းဒေသကြီး တာဝန် ခံ ဦးတင်မောင်ဦး၊ ရွှေပြည်သာမြို့နယ် UBPပါတီဥက္ကဌနှင့်အဖွဲဝင်များရောက် ရှိလာပြီး အသင့်ရောက်ရှိနေသော ရွှေပြည်သာမြို့နယ်တွင်းမှ ထောက့်ပံ့ပေး သင့်သည်ဟုရွေးချယ်ထားသောသတင်းစာ ဆရာကြီးများနှင့်စာရေးဆရာကြီး၄၀‎ ကျော်တို့ကို ဆန်၊ ဆီ၊ ဆား၊ အားလူး၊ ကြက်သွန်၊ကုလားပဲထုပ်များ ပါသော ရိက္ခာထုပ်ကြီးတစ်ထုပ်စီကို ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

ရွှေမြင့်ဦး (ရွှေပြည်သာ)

Share.

About Author

Comments are closed.