fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

COVID-19 ရောဂါ ကုသုရေး၊ တိုက်ဖျက်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်သည့် နှာခေါင်းစီး (Face Mask) နှင့် PPE ဝတ်စုံများအား မြို့နယ်နှင့်တိုက်နယ် ဆေးရုံးများသို့ သွားရောက်လှူဒါန်း

0

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် နှာခေါင်းစီး (Face Mask) များနှင့် ရောဂါကာကွယ်ရေး ဝတ်စုံဖြစ်သည့် PPE (Personal Protective Eqiuipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။

ထိုသို့လှူဒါန်းမှုအစီအစဉ်၏ ဒုတိယနေ့ရက်အဖြစ် ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ရှိ ဖြူးမြို့နယ်ဆေးရုံ၊ အုတ်တွင်းမြို့နယ်ဆေးရုံ၊ ကျောက်ကြီးမြို့နယ်ဆေးရုံ၊ ထန်းတပင်မြို့နယ်ဆေးရုံ၊ တောင်ငူမြို့နယ်ဆေးရုံ၊ ညောင်လေးပင်မြို့နယ်ဆေးရုံ၊ ကျောက်တံခါးမြို့နယ်ဆေးရုံ၊ ရွှေကျင်မြို့နယ်ဆေးရုံ၊ ရေတာရှည်မြို့နယ်ဆေးရုံ၊ ပဲခူးမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ (၃)ခု၊ သနပ်ပင်မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ (၂)ခု၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ (၃)ခု၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ (၅)ခု နှင့် ဖြူးနယ်အတွင်းရှိ တိုက်နယ်ဆေးရုံ (၁) ရုံတို့ထံသို့ ပါတီမှတာဝန်ရှိသူများ ဆေးရုံအရောက် သွားရောက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် သက်ဆိုင်ရာဆေးရုံများမှ ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

Share.

About Author

Comments are closed.