fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

COVID-19 ပိုးပျံ့နှံ့မှုကာကွယ်ရန် ပိုးသတ်ဆေးဖြန်းလုပ်ငန်းများဆောင်ရွက်

0

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ COVID-19 ပိုးကာကွယ်ရေး ဆေးဖြန်းအဖွဲ့သည် ဧပြီလ ၂၃ ရက် နံနက် ၆ နာရီမှစတင်ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရှမ်းတဲကြီးကျေးရွာတွင် ပိုးသတ်ဆေးဖြန်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်တာဝန်ခံ ဦးလှမိုးကျော်၊ ပါတီနယ်လှည့်စည်းရုံးရေးတာဝန်ခံ ဦးနိုင်လူနှင့် မြို့နယ်ပါတီတာဝန်ခံများပါဝင်သည့် ဆေးဖြန်းအဖွဲ့သည် နံက်ပိုင်းတွင်ရှမ်းတဲကြီးအောက်ကျေးရွာအတွင်းရှိကျေးရွာလမ်းများ၊ အစိုးရအလယ်တန်းကျောင်းအမှတ်(၅)၊ ကျေးရွာကျန်းမာ ရေးဆေးပေးခန်း၊ ရွှေဓမ္မဂုဏ်ရည်ဘုန်းတော်ကြီးကျောင်း၊ ရှမ်းတဲကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ် ၂ လမ်းမကြီးတစ်လျှောက်ဆေးဖြန်းခြင်းပြုလုပ်ခဲ့သည်။
ဆက်လက်၍ နေ့လည်ပိုင်းတွင် အမှတ် ၁၃ ရပ်ကွက်အတွင်းရှိလမ်းမများ၊ ဈေးများ၊ မာဂဓိသာစည်ကျောင်းတိုက်များတွင်လည်းကောင်းဆေးဖြန်းခြင်းပြုလုပ်ခဲ့ပြီးနောက် အမှတ်(၅)ရပ်ကွက် ရတနာလမ်းနှင့်ဈေး၊ ဒဂုံမြောက်ပိုင်းတရားရုံးနှင့် လမ်းများတွင်လည်းကာကွယ်ဆေး ဖြန်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည် ။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်များဖြင့် ဖွဲ့စည်းထားသည့် ဆေးဖြန်းအဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိမြို့နယ်အသီးသီးတွင်လည်း ကာကွယ်ဆေးဖြန်းခြင်းလုပ်ငန်းကိုနေ့စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Share.

About Author

Comments are closed.