fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

COVID-19 ပိုးကာကွယ်ဆေးဖြန်းလုပ်ငန်းများဆောင်ရွက်

0

လတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ် COVID-19 ပိုးကူးစက်ပျံ့နှံ့မှုကိုကာကွယ်နိုင်ရန်အတွက် ရန်ကုန်မြို့တွင် အဖွဲ့အစည်းအသီးသီးက ဆောင်ရွက်လျက်ရှိရာတွင်ပြည်ထောင် စုကောင်းကျိုးဆောင်ပါတီဝင်များကလည်းပူးပေါင်းဆောင်ရွက်လျက်ရှိရာရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ စည်းရုံးရေး တာဝန်ခံ ဦးမြတ်သူနှင့်ပါတီ ဝင်များသည်ဧပြီ ၂၁ ရက်နံက်ပိုင်းတွင်အမှတ်(၂)ရပ်ကွက်၌ တိုက်ခန်းအသီးသီးရှိ လှေကား လက်တန်းများ အိမ်ပေါက်ဝများကို ပိုးသတ်ဆေးများဖြန်းပေးခဲ့ကြကြောင်းသိရသည် ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် မြို့နယ်များတွင်ပါတီဝင်များကိုယ်တိုင် ပိုးသတ် ဆေးများဖြန်းပေး ခြင်းသာမကရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်အသီးသီး၌လည်းမြို့နယ်ကျန်းမာရေး ဦးစီးဌာနများသို့ ပိုးသတ်ဆေးဖြန်းပုံးများလှူဒါန်းခြင်း၊ ကာကွယ်ရေးအထောက် အကူပြု PPE ဝတ်စုံများလှူဒါန်းခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည် ။

Share.

About Author

Comments are closed.