fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

အုန်းပင်ကျေးရွာတွင် UBP ပါတီမှ ရေလှူဒါန်း

0

(သတင်းဓာတ်ပုံ)
၂၀၁၉ ခုနှစ် ဧပြီလ နေ့လည် ၁ နာရီအချိန်တွင် ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်အုန်းပင်ကျေးရွာ၌  ကြူကြူခိုင်ဝင်း(ရွှေဒင်္ဂါးသောက်ရေသန့်)နှင့်သူငယ်ချင်းများအဖွဲ့နှင့် ခရမ်းမြို့UBPစည်းရုံးရေးအဖွဲ့ဝင်များ ပူးပေါင်း၍သောက်ရေသန့်ဘူးကြီး ၅၀၀ကို လှူဒါန်းခြင်းခဲ့ကြသည်။
ခရမ်းမြို့နယ် အုန်းပင်ကျေးရွာသည် နှစ်စဉ် ဧပြီလနှင့် မတ်လတို့တွင် ရေခန်းခြောက်လေ့ရှိပြီး သောက်သုံးရေပြတ်လပ်မှုဒဏ်ခံရလေ့ရှိသည်။ ထို့ကြောင့် UBP အဖွဲ့ဝင်များနှင့် ရွှေဒင်္ဂါးသောက်ရေသန့်တို့ ပူးပေါင်းကာ ရေသန့်ဘူးများ လာရောက်လှူဒါန်းကြခြင်းဖြစ်သည်။
“ရေပြတ်တာကတော့ နှစ်တိုင်းပေါ့နော်။ မနေ့ကတည်းက သောက်သုံးစရာရေကို မရှိတော့တာ။ ဒီမနက် အခုလို ရေကားကြီးတွေ ရွာထဲဝင်လာတာလည်းတွေ့ရော ပျော်တာပေါ့။ အလှူရှင်တွေ ကျန်းမာချမ်းသာကြ ပါစေလို့” ဟု အုန်းပင်ကျေးရွာနေ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
အုန်းပင်ကျေးရွာတင်မက ကျန်သော ရေပြတ်လပ်နေသည့် နေရာများကိုလည်း ဆက်လက်လှူဒါန်းနိုင်ရန် ဆောင်ရွက်သွားမည်ဟု အလှူရှင်များက ဆိုသည်။
ယခင်နှစ်များကတည်းက ထိုကဲ့သု့ိ ရေမရရှိသည့်နေရာများကို လှူဒါန်းနိုင်ရန် မတည်လှူဒါန်း ထည့်ဝင်ငွေများကို စုဆောင်းထားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ရေပြတ်လပ်သည့်အချိန်တွက် ကွက်တိ လာရောက် လှူဒါန်းနိုင်ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြသည်။

 

Share.

About Author

Leave A Reply