fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါ တီရဲ့ ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

0

၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါ တီရဲ့ ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
—————
နံပတ်(၁) အရေးကြီးတာက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မိမိတို့ပါတီ ထိုက်သင့်တဲ့ အောင်မြင်မှုရဖို့ ဖြစ်ပါတယ်။နံပတ်(၁)အဲဒါကိုကြိုးစားပါတယ်။နံပတ်(၂)ကတော့မိမိတို့အောင်မြင်လာတဲ့အခြေအနေပေါ်မူတည်ပြီးတော့ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့ အစည်း၊ မည်သည့် ပုဂ္ဂိုလ်နဲ့မဆို နိုင်ငံအကျိုးအတွက်ဆိုရင် ပူးပေါင်း ဆောင်ရွက်မှာပါ။ ဒါကြောင့်မို့လို့ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ကျန်တဲ့ပါတီများ နဲ့လည်း ဒီလိုပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အတိုင်ပင်ခံလို ပဲ တိုင်းရင်းသားပါတီတွေနဲ့ မိမိတို့ ရင်းနှီးပါတယ်။ တစ်ယောက်ကိုတစ်ယောက်ယုံ ကြည်မှုရှိပါတယ်။ အခြားအခြားလည်း ဒါမျိုးတွေရှိပါတယ်။ ဒါကြောင့်မို့လို့ လူပုဂ္ဂိုလ် စွဲဆိုတာထက် နိုင်ငံအတွက် အကျိုးပြုမယ့် အကျိုးဖြစ်မယ့်ကိစ္စများအားလုံးစဉ်းစား ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ။ ရွေးကောက်ပွဲလည်းဝင်တော့မယ်ဆိုတော့ ပါတီရန်ပုံငွေပေါ့။ တခြားနိုင်ငံရေး ပါ တီတွေကတော့ သူတို့ရဲ့ ပါတီဝင်တွေကပဲ ထည့်ဝင်တဲ့ငွေကြေးတွေနဲ့ပဲ ပါတီရန်ပုံငွေ အဖြစ်သုံးစွဲနေကြတယ်လို့သိရပါတယ်။ ဥက္ကဌကြီးတို့ ပါတီအနေနဲ့ကကော ပါတီရန်ပုံ ငွေကို ဘယ်လိုများဆောင်ရွက်ထားပါသလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP အနေနဲ့ ပါတီကို ဝင်မယ်ဆိုလို့ရှိရင် ပါတီဝင်ကြေးပေးစရာမလိုပါဘူး။ လစဉ်ကြေးလည်းပေးစရာမလိုပါ ဘူး။ ဘာကြောင့်လဲ ဒီနေ့တိုင်းပြည်မှာရှိတဲ့ ပြည်သူများရဲ့အခြေအနေကိုအားလုံးအကဲခတ်မိမှာပါ။စီးပွားရေးနဲ့ပတ်သက်လို့ငွေရေးကြေးရေးနဲ့ပတ်သက်လို့ပေါ့။ သို့ရာတွင် စေတနာပါပြီး စေတနာရှိတဲ့ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့ အစည်းမဆို မိမိတို့ပါတီ ကို လှူဒါန်းမယ်၊ ကူညီမယ်ဆို လက်ခံပါတယ်။ ဒါကြောင့်မို့လို့ မိမိတို့မတည်ရင်းနှီးထား တဲ့ ငွေကြေးနဲ့ ပြည်သူများက ပါဝင်လှူဒါန်းတဲ့ကူညီတဲ့ငွေများကိုအသုံးပြုပြီးတော့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ သို့ရာတွင် ဥပဒေက သတ်မှတ်ခွင့်ပြုချက် မရှိတဲ့ နိုင်ငံခြားအဖွဲ့အစည်းများရဲ့ ကူညီမှုကိုတော့ လက်ခံမှာ မဟုတ်ပါဘူး။
အပြည့်အစုံဖတ်ရှုရန်>>>
https://www.myanmaplatform.com/a/46422.html
#Myanmaplatform #Opinions

Share.

About Author

Comments are closed.