fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

၂၀၂၀ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး COVIDကာလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့သည့် နိုင်ငံများကို အတုယူမည်ဟုဆို

0

၂၀၂၀ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး COVIDကာလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့သည့် နိုင်ငံများကို အတုယူမည်ဟုဆို

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်းကျင်းပမည်ဖြစ်ပြီး COVID-19ကာလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့သည့် အခြားနိုင်ငံများကို အတုယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က”COVIDကာလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့တဲ့ တခြားနိုင်ငံတွေရဲ့ လုပ်ရိုးလုပ်စဉ် ကျင့်စဉ်တွေလဲယူမယ်။ နောက်တခါ ကျန်းမာရေးဝန်ကြီးဌာနကလဲ ဘယ်လိုပြောမလဲ။ အဲ့ဒီ စည်းကမ်းချက်တွေနဲ့ ညီအောင်လဲ ကျွန်တော်တို့က ဆောင်ရွက်သွားမှာပေါ့”ဟုပြောသည်။

ဇွန်လ ၄ရက်နေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တပ်မဲရုံများနှင့်ပတ်သတ်ပြီး ဆွေးနွေးနေပြီး တပ်မတော်သားများနှင့် အတူနေမိသားစုများ၏ မဲစာရင်းကိုလည်း တောင်းခံထားဆဲဖြစ်ကြောင်း သိရသည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲကာလတွင် ကျန်သည့်နှစ်များနှင့်မတူဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအပါအဝင် အဖွဲ့အစည်း ၈ဖွဲ့ပေါင်းပြီး သီးသန့်အဖွဲ့တစ်ခုအဖြစ်ဖွဲ့စည်းကာ စည်းကမ်းချက်များ ချမှတ်သွားမည်ဟု ဦးမြင့်နိုင်ကပြောသည်။

၎င်းက”ဥပမာ ရန်ကုန်မှာဆို သုဝဏ္ဏကွင်းကြီးတွေ၊ အောင်ဆန်းကွင်းကြီးတွေ ဘောလုံးကွင်းတွေရှိမယ်။ အဲ့လိုနေရာမျိုးတွေမှာ နီးတဲ့ ရပ်ကွက်တွေကလာပြီးတော့ မဲရုံတွေလုပ်မယ်။ ဒီလိုဆိုရင်ကောင်းမလားစသည်ဖြင့်ပေါ့နော်။ ဒီအတိုင်းပုံမှန် ကျင်းပတဲ့အတိုင်း အခြေအနေဖြစ်ရင် ဒီအတိုင်းကျင်းပသွားမယ်”ဟုလည်း ဆိုသည်။

ထို့အပြင် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အကောင်းဆုံးဖြစ်‌အောင်စီစဉ်မည်ဖြစ်ပြီး မဲဆန္ဒရှင်များကလည်း မဲပေးပိုင်ခွင့်ကို လက်လွှတ်မခံဘဲ လာရောက်မဲပေးကြရန် ၎င်းကတိုက်တွန်းသည်။

ယခင် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ရက်၊ ၂၀၁၅ခုနှစ် အ‌ထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်တွင် ကျင်းပခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်၏ မေလအတွင်း ထုတ်ပြန်ချက်အရ မှတ်ပုံတင်ခွင့်ပြုခဲ့သောပါတီ ၁၂၈ပါတီ၊ ပယ်ဖျက်ခဲ့သော ပါတီ ၃၁ပါတီ၊ တည်ဆဲမှတ်ပုံတင်ထားသောပါတီ ၉၇ပါတီ၊ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၇၉ပါတီ ရှိကြောင်း သိရသည်။

ဖူးအောင်၊ ထွန်း(နေပြည်တော်)

++++++++++++++++++++

၂၀၂၀ေရြးေကာက္ပြဲကို ႏိုဝင္ဘာလအတြင္း က်င္းပမည္ျဖစ္ၿပီး COVIDကာလအတြင္း ေရြးေကာက္ပြဲက်င္းပခဲ့သည့္ ႏိုင္ငံမ်ားကို အတုယူမည္ဟုဆို

၂၀၂၀ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲကို လာမည့္ ႏိုဝင္ဘာလအတြင္းက်င္းပမည္ျဖစ္ၿပီး COVID-19ကာလအတြင္း ေရြးေကာက္ပြဲက်င္းပခဲ့သည့္ အျခားႏိုင္ငံမ်ားကို အတုယူသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ သိရသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က”COVIDကာလအတြင္း ေရြးေကာက္ပြဲက်င္းပခဲ့တဲ့ တျခားႏိုင္ငံေတြရဲ႕ လုပ္႐ိုးလုပ္စဉ္ က်င့္စဉ္ေတြလဲယူမယ္။ ေနာက္တခါ က်န္းမာေရးဝန္ႀကီးဌာနကလဲ ဘယ္လိုေျပာမလဲ။ အဲ့ဒီ စည္းကမ္းခ်က္ေတြနဲ႔ ညီေအာင္လဲ ကြၽန္ေတာ္တို႔က ေဆာင္ရြက္သြားမွာေပါ႔”ဟုေျပာသည္။

ဇြန္လ ၄ရက္ေန႔က ေနျပည္ေတာ္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္တြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ၎က အထက္ပါအတိုင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ တပ္မဲ႐ုံမ်ားႏွင့္ပတ္သတ္ၿပီး ေဆြးေႏြးေနၿပီး တပ္မေတာ္သားမ်ားႏွင့္ အတူေနမိသားစုမ်ား၏ မဲစာရင္းကိုလည္း ေတာင္းခံထားဆဲျဖစ္ေၾကာင္း သိရသည္။

ယခုက်င္းပမည့္ ေရြးေကာက္ပြဲကာလတြင္ က်န္သည့္ႏွစ္မ်ားႏွင့္မတူဘဲ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနအပါအဝင္ အဖြဲ႕အစည္း ၈ဖြဲ႕ေပါင္းၿပီး သီးသန္႔အဖြဲ႕တစ္ခုအျဖစ္ဖြဲ႕စည္းကာ စည္းကမ္းခ်က္မ်ား ခ်မွတ္သြားမည္ဟု ဦးျမင့္ႏိုင္ကေျပာသည္။

၎က”ဥပမာ ရန္ကုန္မွာဆို သုဝဏၰကြင္းႀကီးေတြ၊ ေအာင္ဆန္းကြင္းႀကီးေတြ ေဘာလုံးကြင္းေတြရွိမယ္။ အဲ့လိုေနရာမ်ိဳးေတြမွာ နီးတဲ့ ရပ္ကြက္ေတြကလာၿပီးေတာ့ မဲ႐ုံေတြလုပ္မယ္။ ဒီလိုဆိုရင္ေကာင္းမလားစသည္ျဖင့္ေပါ႔ေနာ္။ ဒီအတိုင္းပုံမွန္ က်င္းပတဲ့အတိုင္း အေျခအေနျဖစ္ရင္ ဒီအတိုင္းက်င္းပသြားမယ္”ဟုလည္း ဆိုသည္။

ထို႔အျပင္ လာမည့္ အေထြေထြေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ အေကာင္းဆုံးျဖစ္‌ေအာင္စီစဉ္မည္ျဖစ္ၿပီး မဲဆႏၵရွင္မ်ားကလည္း မဲေပးပိုင္ခြင့္ကို လက္လႊတ္မခံဘဲ လာေရာက္မဲေပးၾကရန္ ၎ကတိုက္တြန္းသည္။

ယခင္ ၂၀၁၀ခုႏွစ္ အေထြေထြေရြးေကာက္ပြဲကို ႏိုဝင္ဘာလ ၇ရက္၊ ၂၀၁၅ခုႏွစ္ အ‌ေထြေထြ ေရြးေကာက္ပြဲကို ႏိုဝင္ဘာလ ၈ရက္တြင္ က်င္းပခဲ့သည္။

ေရြးေကာက္ပြဲေကာ္မရွင္၏ ေမလအတြင္း ထုတ္ျပန္ခ်က္အရ မွတ္ပုံတင္ခြင့္ျပဳခဲ့ေသာပါတီ ၁၂၈ပါတီ၊ ပယ္ဖ်က္ခဲ့ေသာ ပါတီ ၃၁ပါတီ၊ တည္ဆဲမွတ္ပုံတင္ထားေသာပါတီ ၉၇ပါတီ၊ ျပည္ေထာင္စုတစ္ဝန္းလုံးတြင္ စည္း႐ုံးမည့္ပါတီ ၇၉ပါတီ ရွိေၾကာင္း သိရသည္။

ဖူးေအာင္၊ ထြန္း(ေနျပည္ေတာ္)

 

Share.

About Author

Comments are closed.