သာပေါင်း ဧပြီ ၇
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေးဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။
ထိုသို့လှူဒါန်းမှုအစီအစဉ်၏ ဆဋ္ဌမမြောက်နေ့အဖြစ် ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများ အသုံးပြုရန်အတွက် သာပေါင်းပြည်သူ့ဆေးရုံသို့ ပါတီမှတာဝန်ရှိသူများ ဆေးရုံအရောက် သွားရောက်လှူဒါန်းကြသည်။ ဆက်လက်၍ သာပေါင်းမြို့မရပ်ကွက် ၃ ခုအတွက် ဆေးဖြန်းတာဝန် ထမ်းဆောင်နေကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်းများနှင့် PPE များကိုလည်း သွားရောက်လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူကြကြောင်း သတင်းရရှိသည်။


