fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“အသက်ရှင်ကျန်းမာနေသရွေ့ နိုင်ငံနှင့်ပြည်သူအကျိုးကို ကျရာကဏ္ဍမှဆောင်ရွက်မည်”ဟု သူရဦးရွှေမန်းပြောကြား

0

၂၀၁၉ ခုနှစ် မေလ ၁၃ ရက် နေ့လယ် ၁ နာရီတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ဖြူးမြို့နယ်ခန်းမတွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဖြူးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင်မြို့နယ်တို့မှ မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီဝင်အဖြစ် အဆိုပြုလွှာပေးအပ်မည့်သူများ၊ ပါတီကို စိတ်ဝင်စားသဖြင့်လေ့လာသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ် ၅ မြို့နယ်မှ ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက အသက်ရှင် ကျန်းမာနေသရွေ့ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရရှိသည့်နေရာ၊ ရရှိသည့်ကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်မည်ဆိုသည့်ခံယူချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ပူးပေါင်းပါဝင်မှုနှင့် တာဝန်ပေးအပ်မှုရှိပါက ယခုအခြေအနေထက် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူများ၏မှန်ကန်သော ရွေးချယ်ဆုံးဖြတ်ချက်နှင့် ပူးပေါင်းပါဝင်မှုကသာလျှင် ဒေသအကျိုးနှင့် နိုင်ငံ့အကျိုးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝအခြေအနေနှင့် ပါတီစည်းရုံးရေးဆိုင်ရာလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေး အမြင်ချင်းဖလှယ်ကြပြီး တွေ့ဆုံပွဲအပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ဖြေကြားခဲ့သည်။

Share.

About Author

Leave A Reply