fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

အစိုးရကတည်ထောင်သည့်ပါတီမျိုးမဟုတ်သဖြင့်ပါတီအသုံးစရိတ်ကို ကျစ်လျစ်ထိရောက်စွာသုံးစွဲပါကြောင်း သူရဦးရွှေမန်းပြောကြား

0

မော်လိုက် ဒီဇင်ဘာ ၂၀

(Unicode)

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် အစိုးရက တည်ထောင်သည့် ပါတီမျိုးမဟုတ်ဘဲ မိမိ၏စုဆောင်းငွေကို ကနဦး မ တည်ကာ ပါတီဝင်များ၊ ပါတီကိုအားပေးဝန်းရံသူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တည်ထောင်သည့် ပါတီဖြစ်သည့်အတွက် ပါတီစည်းရုံးရေးကော်မတီဝင်များ အဆိုပြုလျာထားသည့် ပမာဏအတိုင်း ပံ့ပိုးပေးရန် အခက်အခဲရှိပါကြောင်း၊ စည်းရုံးရေးကော်မတီဝင်များအနေဖြင့် ပြည့်ပြည့်စုံစုံမဟုတ်ဘဲ ခြိုးခြံပြီးစိစစ်သုံးစွဲနေကြသည်ကို သိရှိနားလည်ပါကြောင်း၊ ပါတီဌာနချုပ်အနေဖြင့်လည်း ရေရှည်မျှော်မှန်းချက်ဖြင့် ကျစ်လျစ်ထိရောက်စွာသုံးစွဲပါကြောင်း၊ ထို့ကြောင့် အချို့သောပါတီများကဲ့သို့ ငွေကြေးပြည့်စုံစွာ ပံ့့ပိုးပေးနိုင်ခြင်း မရှိသည်ကို နားလည်စေလိုပါကြောင်း၊ ပြည်သူအများစုသည် ငွေကြေးရှားပါးခက်ခဲကြသဖြင့် မိမိတို့ပါတီအနေဖြင့် ပါတီဝင်ကြေးနှင့်လစဉ်ကြေးကို ပါတီဝင်ပြည်သူများထံမှ ကောက်ခံခြင်းမပြုကြောင်း၊ နိုင်ငံနှင့် ပြည်သူအတွက် အကောင်းဆုံးအကျိုးပြုဆောင်ရွက်လိုသည့် စိတ်စေတနာကို အရင်းခံကာ ဆက်လက်ကြိုးပမ်းကြစေလိုပါကြောင်း ကလေးဝမြို့နယ်နှင့် မော်လိုက်မြို့နယ်တို့ရှိ ပါတီယာယီစည်းရုံးရေးကော်မတီဝင်များနှင့်ယနေ့တွေ့ဆုံစဉ် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်နှင့် မော်လိုက်မြို့နယ်တို့ရှိ ပါတီယာယီစည်းရုံးရေးတာဝန်ခံများအား သီးခြားစီတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပါတီဌာနချုပ်မှ ဦးတင်ထွန်းအောင်၊ ပါတီဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မြမြဖြိုး၊ စစ်ကိုင်းဒေသကြီး ပါတီယာယီစည်းရုံးရေးတာဝန်ခံ ဦးစောလှထွန်း၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက်၊ ဖောင်းပြင် စသည့်မြို့နယ်တို့ရှိ မြို့နယ်ပါတီယာယီစည်းရုံးရေးတာဝန်ခံများ၊ မြို့နယ်ပါတီယာယီစည်ရုံးရေးကော်မတီဝင်များ တက်ရောက်ကြသည်။

(Zawgyi)

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် အစိုးရက တည်ထောင်သည့် ပါတီမျိုးမဟုတ်ဘဲ မိမိ၏စုဆောင်းငွေကို ကနဦး “မ” တည်ကာ ပါတီဝင်များ၊ ပါတီကိုအားပေးဝန်းရံသူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တည်ထောင်သည့် ပါတီဖြစ်သည့်အတွက် ပါတီစည်းရုံးရေးကော်မတီဝင်များ အဆိုပြုလျာထားသည့် ပမာဏအတိုင်း ပံ့ပိုးပေးရန် အခက်အခဲရှိပါကြောင်း၊ စည်းရုံးရေးကော်မတီဝင်များအနေဖြင့် ပြည့်ပြည့်စုံစုံမဟုတ်ဘဲ ခြိုးခြံပြီးစိစစ်သုံးစွဲနေကြသည်ကို သိရှိနားလည်ပါကြောင်း၊ ပါတီဌာနချုပ်အနေဖြင့်လည်း ရေရှည်မျှော်မှန်းချက်ဖြင့် ကျစ်လျစ်ထိရောက်စွာသုံးစွဲပါကြောင်း၊ ထို့ကြောင့် အချို့သောပါတီများကဲ့သို့ ငွေကြေးပြည့်စုံစွာ ပံ့ပိုးပေးနိုင်ခြင်း မရှိသည်ကို နားလည်စေလိုပါကြောင်း၊ ပြည်သူအများစုသည် ငွေကြေးရှားပါးခက်ခဲကြသဖြင့် မိမိတို့ပါတီအနေဖြင့် ပါတီဝင်ကြေးနှင့်လစဉ်ကြေးကို ပါတီဝင်ပြည်သူများထံမှ ကောက်ခံခြင်းမပြုပါကြောင်း၊ နိုင်ငံနှင့် ပြည်သူအတွက် အကောင်းဆုံးအကျိုးပြု ဆောင်ရွက်လိုသည့် စိတ်စေတနာကို အရင်းခံကာ ဆက်လက်ကြိုးပမ်းကြစေလိုပါကြောင်း ကလေးဝမြို့နယ်နှင့် မော်လိုက်မြို့နယ်တို့ရှိ ပါတီယာယီစည်းရုံးရေးကော်မတီဝင်များနှင့် ယနေ့တွေ့ဆုံစဉ် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။


                

Share.

About Author

Comments are closed.