fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“သွေးစည်းညီညွတ်ရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေစိုးမိုးရေးတို့ ပိုမိုတိုးတက်ကောင်းမွန်စေရေး ရည်ရွယ်ချက်ဖြင့် အခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်း ပြင်ဆင်သင့်ကြောင်း သူရဦးရွှေမန်းပြောကြား”

0

“သွေးစည်းညီညွတ်ရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေစိုးမိုးရေးတို့ ပိုမိုတိုးတက်ကောင်းမွန်စေရေး ရည်ရွယ်ချက်ဖြင့် အခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်း ပြင်ဆင်သင့်ကြောင်း သူရဦးရွှေမန်းပြောကြား”
**************************
မင်းတုန်း သြဂုတ် ၂၁

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပါတီဝင်တစ်ဦး၏ နေအိမ်၌လည်းကောင်း၊ နံနက် ၁၀ နာရီခွဲအချိန်တွင် မင်းတုန်းမြို့နယ်ပါတီရုံး၌ လည်းကောင်း ပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပါတီဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

တွေ့ဆုံရာတွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် မိမိတို့နိုင်ငံသားများ သွေးစည်းညီညွတ်ရေး ပိုမိုတိုးတက်ကောင်းမွန်ရန်၊ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ပိုမိုတိုးတက် ကောင်းမွန်ရန်၊ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ပိုမိုတိုးတက်ကောင်းမွန်ရန်တို့ကို ဦးတည်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

အခြေခံဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ သဘောထားအမြင်မတူညီကြသူများ အကြေအလည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊

ထိုသို့ဆောင်ရွက်ခြင်းမပြုဘဲ အခြေခံဥပဒေ ပြင်ဆင်ရေးကို နိုင်ငံရေးအတွက် လုပ်ဆောင်ကြပါက ပြည်သူများအနေဖြင့် ထိုနိုင်ငံရေးတွင် စီးမျောလိုက်ပါနေရမည် ဖြစ်ပါကြောင်း၊

  

လှည့်ဖြားခြင်းသည် မကောင်းပါကြောင်း၊ သို့ဖြစ်ရာ အတွေ့အကြုံ၊ ဉာဏ်ပညာအမြော်အမြင်တို့ဖြင့် ဥပဒေနှင့်အညီ ဆန်းစစ်သုံးသပ်ဆောင်ရွက်ကြစေလိုပါကြောင်း၊

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် မိမိတို့နိုင်ငံနှင့် ဆီလျော်လိုက်ဖက်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာရေးကို အစဉ်တစိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း”

ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး၊ ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူများ၏ စားဝတ်နေရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး မေးမြန်းအကြံပြုမှုများကို ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းက ပြန်လည်ရှင်းလင်း ဖြေကြားကြောင်း သတင်းရရှိပါသည်။

============================

(Zawgyi)

” ေသြးစည္းညီညြတ္ေရး၊ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရး၊ တရားဥပေဒစိုးမိုးေရးတို႔ ပိုမိုတိုးတက္ေကာင္းမြန္ေစေရး ရည္ရြယ္ခ်က္ျဖင့္ အေျခခံဥပေဒကို ေဆြးေႏြးညွိႏိႈင္း ျပင္ဆင္သင့္ေၾကာင္း သူရဦးေရႊမန္းေျပာၾကား”
**************************
မင္းတုန္း ၾသဂုတ္ ၂၁

ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ၏ ေခါင္းေဆာင္ သူရဦးေရႊမန္းႏွင့္ ေဒသခံျပည္သူမ်ား ေတြ႔ဆံုေဆြးေႏြးပြဲကုိ ယေန႔ နံနက္ ၈နာရီခြဲအခ်ိန္တြင္ မေကြးတိုင္းေဒသႀကီး၊ ကံမၿမိဳ႕နယ္၊ မင္းရဲေက်ာ္စြာလမ္း႐ွိ ပါတီဝင္တစ္ဦး၏ ေနအိမ္၌လည္းေကာင္း၊ နံနက္ ၁၀ နာရီခြဲအခ်ိန္တြင္ မင္းတုန္းၿမိဳ႕နယ္ပါတီရံုး၌ လည္းေကာင္း ျပဳလုပ္ရာ ပါတီ၏ေခါင္းေဆာင္ သူရဦးေရႊမန္းႏွင့္ ပါတီမွ တာဝန္႐ွိပုဂၢဳိလ္မ်ား၊ ပါတီဝင္မ်ား၊ လူမႈအဖြဲ႔အစည္းမ်ား၊ ပါတီဝင္အျဖစ္ အဆုိျပဳထားသူမ်ား၊ ပါတီအေပၚ စိတ္ဝင္စား၍ ေလ့လာသူမ်ား တက္ေရာက္ၾကသည္။

ေတြ႔ဆံုရာတြင္ “ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ရာတြင္ မိမိတို႔ႏိုင္ငံသားမ်ား ေသြးစည္းညီညြတ္ေရး ပိုမိုတိုးတက္ေကာင္းမြန္ရန္၊ မိမိတို႔ႏိုင္ငံ၏ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရး အရွိန္အဟုန္ ပိုမိုတိုးတက္ ေကာင္းမြန္ရန္၊ ႏိုင္ငံ၏ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး ပိုမိုတိုးတက္ေကာင္းမြန္ရန္တို႔ကို ဦးတည္ေဆာင္ရြက္ရန္ လိုအပ္ပါေၾကာင္း၊

အေျခခံဥပေဒျပင္ဆင္ေရးႏွင့္ စပ္လ်ဥ္း၍ သေဘာထားအျမင္မတူညီၾကသူမ်ား အေၾကအလည္ေဆြးေႏြးညိွႏိႈင္းေဆာင္ရြက္ၾကရန္ လိုပါေၾကာင္း၊

ထိုသို႕ေဆာင္ရြက္ျခင္းမျပဳဘဲ အေျခခံဥပေဒ ျပင္ဆင္ေရးကို ႏိုင္ငံေရးအတြက္ လုပ္ေဆာင္ၾကပါက ျပည္သူမ်ားအေနျဖင့္ ထိုႏိုင္ငံေရးတြင္ စီးေမ်ာလိုက္ပါေနရမည္ ျဖစ္ပါေၾကာင္း၊

လွည့္ျဖားျခင္းသည္ မေကာင္းပါေၾကာင္း၊ သို႔ျဖစ္ရာ အေတြ႔အႀကံဳ၊ ဥာဏ္ပညာအေျမာ္အျမင္တို႔ျဖင့္ ဥပေဒႏွင့္အညီ ဆန္းစစ္သံုးသပ္ေဆာင္ရြက္ၾကေစလိုပါေၾကာင္း၊

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီသည္ မိမိတို႔ႏိုင္ငံႏွင့္ ဆီေလ်ာ္လိုက္ဖက္ေသာ ဖြဲ႔စည္းပံုအေျခခံဥပေဒျဖစ္လာေရးကို အစဥ္တစိုက္ ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း”

ပါတီ၏ေခါင္းေဆာင္ သူရဦးေရႊမန္းက ထည့္သြင္းေျပာၾကားသည္။

ထုိသုိ႔ေတြ႔ဆုံရာတြင္ တရားဥပေဒစိုးမုိးေရး၊ ဥပေဒဆိုင္ရာ ကိစၥရပ္မ်ား၊ ေဒသဖြံ႔ျဖိဳးေရး၊ ျပည္သူမ်ား၏ စားဝတ္ေနေရး၊ စီးပြားေရး၊ စိုက္ပ်ိဳးေရး၊ ပါတီစည္း႐ုံးေရးႏွင့္ ပါတီဖြဲ႔စည္းေရးဆုိင္ရာ ကိစၥရပ္မ်ားကုိ တက္ေရာက္လာၾကသူမ်ားက ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးၾကၿပီး ေမးျမန္းအၾကံျပဳမႈမ်ားကို ပါတီ၏ေခါင္းေဆာင္ သူရဦးေရႊမန္းက ျပန္လည္႐ွင္းလင္း ေျဖၾကားေၾကာင္း သတင္းရ႐ွိပါသည္။

 

Share.

About Author

Comments are closed.