fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

သူရဦးရွှေမန်း ဖြူးမြို့ အထက(၁) အာစရိပူဇော်ပွဲတက်ရောက်

0

ဖြူး ဇန်နဝါရီ ၁၉

(Unicode)

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဖြူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် “အမျိုးသားကျောင်း နှစ် ၁၀၀ ပြည့်ပွဲနှင့် အကြိမ်(၂၀)မြောက် အာစရိယ ပူဇော်ပွဲ” သို့ တက်ရောက်၍ ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့သည်။

ပါတီခေါင်းဆောင်ကြီး သူရဦးရွှေမန်း ငယ်စဉ်က တက်ရောက် ပညာသင်ကြားခဲ့သည့် ဖြူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသည် ၁၉၂၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည့် အမျိုးသားကျောင်း ၉၃ ကျောင်းတွင် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် သမိုင်းဝင် အမျိုးသားကျောင်းတစ်ခုဖြစ်ပြီး ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် ကျောင်းတည်ထောင်မှု နှစ် (၁၀၀) ပြည့်မြောက်ပြီဖြစ်သည်။

(Zawgyi)

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဖြူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် “အမျိုးသားကျောင်း နှစ် ၁၀၀ ပြည့်ပွဲနှင့် အကြိမ်(၂၀)မြောက် အာစရိယ ပူဇော်ပွဲ” သို့ တက်ရောက်၍ ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့သည်။

ပါတီခေါင်းဆောင်ကြီး သူရဦးရွှေမန်း ငယ်စဉ်က တက်ရောက် ပညာသင်ကြားခဲ့သည့် ဖြူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသည် ၁၉၂၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည့် အမျိုးသားကျောင်း ၉၃ ကျောင်းတွင် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် သမိုင်းဝင်အမျိုးသားကျောင်းတစ်ခုဖြစ်ကာ ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် ကျောင်းတည်ထောင်မှု နှစ် (၁၀၀) ပြည့်မြောက်ပြီဖြစ်သည်။

               

Share.

About Author

Comments are closed.