နေပြည်တော် ဇွန် ၁၄
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းသည် ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြီးတန်းအကြံပေးပုဂ္ဂိုလ်၊ Mr. Martin Sturzinger နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော်၊ ရာဇသင်္ဂဟလမ်းရှိ ပါတီရုံးချုပ်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီဆိုင်ရာနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ပါတီခေါင်းဆောင် သူရဦးရွှေမန်းနှင့်အတူ ပါတီမှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြကြောင်း သတင်းရရှိပါသည်။