fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

သူရဦးရွှေမန်းနှင့် အမေရိကန် သံအမတ်ကြီး တွေ့ဆုံဆွေးနွေး

0

နေပြည်တော် ဇွန် ၃
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel နှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော်၊ ရာဇသင်္ဂဟလမ်းရှိ ပါတီရုံးချုပ်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် “ပါတီတည်ထောင်သည့်ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ရှင်သန်အားကောင်းရန်၊ လူ့အခွင့်အရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေးတို့ရရှိရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရန်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ရပ်တန့်ခြင်း၊ လမ်းလွဲခြင်း မရှိဘဲ ဆက်လက်ရှင်သန် အားကောင်းရန်တို့အတွက် နိုင်ငံရေးပါတီတစ်ခု တည်ထောင်ဆောင်ရွက်မှသာ မှန်ကန်ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဆိုသည့် ယုံကြည်ချက်ဖြင့် ပါတီတည်ထောင်ခြင်း ဖြစ်ကြောင်း” သူရဦးရွှေမန်းက ဆွေးနွေးပြောကြားသည်။

အမေရိကန်သံအမတ်ကြီးက “ပါတီတစ်ခုခုကို ထောက်ခံအားပေးခြင်းမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံ တွင် နိုင်ငံရေးပါတီများ၏ ဒီမိုကရေစီ ရှင်သန်အားကောင်းအောင် ယှဉ်ပြိုင်လုပ်ဆောင်မှုများကို အားပေး ပါကြောင်း” ပြန်လည်ဆွေးနွေးသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Share.

About Author

Leave A Reply