fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ သမိုင်းကြောင်း

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖွဲ့စည်းတည်ထောင်ခွင့်ကို နိုင်ငံတော်နှင့် ပြည်သူတို့အတွက် စိတ်ကောင်းစေတနာမှန်ဖြင့်ဆောင်ရွက်ရန် ဆန္ဒရှိပြီး အတွေ့အကြုံရှိသော ပုဂ္ဂိုလ် ၁၉ ဦးတို့က လက်မှတ်ရေးထိုး၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြလျှောက်ထားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ပါတီဖွဲ့စည်းတည်ထောင်ခွင့်ရရှိခဲ့ပါသည်။

ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ကို ဆက်လက်လျှောက်ထားခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်၊ စာအမှတ် ၃/နငရ-မပတ(၁၆)/ကမရ ဖြင့် ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ဖြစ်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးတွင် မိမိတို့ပါတီက တစ်တပ်တစ်အား ပါဝင်ပြီး နိုင်ငံတော်နှင့်ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကမ္ဘာ့အလယ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ဂုဏ်သိက္ခာရှိစွာ  ရပ်တည်နိုင်ရေးတို့အတွက် တတ်စွမ်းသမျှ ကြိုးပမ်းအားထုတ်ပြီး ပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်ရန် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။