fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်း ဖို့ ကြံရွယ် နေပြီလား ?

0

လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်း ဖို့ ကြံရွယ် နေပြီလား ?

ပြည်သူ့အကျိုးအမှန်တကယ် ဆောင်ရွက်ချင်တယ် ကိုယ့်ကြောင့် ပါတီဂုဏ်သိက္ခာမကျစေချင်ဘူး ဆိုလျှင် အမည်စာရင်းဖောင်မဖြည့်ခင် ကိုယ့်ကိုယ်ကိုယ် မညာတမ်းမေးပါ။

ငါ……

ပါတီရဲ့ နိုင်ငံရေးမူဝါဒ သဘောတရားနှင့် ရည်ရွယ်ချက်များ လုပ်ငန်းစဉ်များကို အပြီးထိ အနည်းဆုံး တစ်ခေါက်လောက် ဖတ်ဖူးရဲ့လား?
လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို သိပြီလား?
လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ တာဝန်၊ ဝတ္တရားတွေကို နားလည်ရဲ့လား?
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပိုင်နိုင်ရဲ့လား?

သူတစ်ပါးအပေါ် ကိုယ်ချင်းစာနာစိတ် တကယ်ရှိရဲ့လား?

ဥပဒေပြုရေးကို အမှန်တကယ် ‌နားလည်ပြီလား?

စာတစ်ကြောင်း ဖြောင့်အောင်ရေး၊ စကားတစ်ခွန်း ဆိုလိုရင်းရောက်အောင် ပြောနိုင်ပြီလား?

ပြည်သူ့လိုအပ်ချက်တွေ ဒေသလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကျယ်ကျယ်ပြန့်ပြန့် နားထောင်နိုင်တဲ့ နားရှိပြီလား?

ကျယ်ကျယ်ပြန့်ပြန့် နားထောင်ပြီး ရပ်တည်ဖြေရှင်းရဲတဲ့ သတ္တိရော တကယ်ရှိရဲ့လား?
အမှား အမှန်ကို ဆင်ခြင်တုံတရားနဲ့ ဝေဖန်စိစစ် ဆုံးဖြတ်နိုင်ပြီလား?

အစိုးနဲ့ ဌာနဆိုင်ရာတွေကို အပြန်အလှန် ထိန်းကျောင်းနိုင်တဲ့ အရည်အချင်းရှိပြီလား?

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် သိထားသင့် သိထားအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လေ့လာဖူးပြီးပြီလား?
ဘတ်ဂျက်ကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွါးရေးဆိုင်ရာ အသိပညာ၊ အမြော်အမြင်၊ နိုင်ငံတကာရေးရာကဏ္ဍ၊ နည်းပညာကဏ္ဍ၊ တိုင်းရင်းသားရေးရာကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ လယ်ယာမြေနှင့် အခြားမြေများကဏ္ဍ၊ သဘာဝသယံဇာတများကဏ္ဍ၊ လမ်း၊ တံတား အခြေခံအဆောက်အဦကဏ္ဍ…… ကဏ္ဍ ကဏ္ဍ ကဏ္ဍ‌တွေကို ငါဘယ်လောက် နားလည်သလဲ…… လေ့လာဖူးသလဲ…….
တိုင်းပြည်ရဲ့ အနာဂတ်မျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်စနစ်အကြောင်းကိုရော တီးမိခေါက်မိ ရှိရဲ့လား ?
ဘယ်အတိုင်းအတာလောက်ထိ လေ့လာထားသလဲ ……

ငါ……..

လွှတ်တော်ကိုယ်စားလှယ် ဖြစ်ချင်ရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဘာလဲ???

ကိုယ့်ကိုယ်ကိုယ် မညာတမ်း မေးကြည့်ကြစမ်းပါ။
ကိုယ့်ကိုယ်ကိုယ် မညာတမ်း မေးကြည့်ကြစမ်းပါ။
ကိုယ့်ကိုယ်ကိုယ် မညာတမ်း မေးကြည့်ကြစမ်းပါ။

လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ သိသင့်သိအပ် တတ်သင့် တတ်အပ်တာတွေ အများကြီး ရှိနေပါသေးတယ်..

အားလုံးကို ပညာရှင်အဆင့် ကျွမ်းကျင်နေရမည်ဟု မဆိုလိုပါ။ ဘယ်လိုပဲ
ဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ် အရွေးခံမည့်သူဟာ သာမန်လူထက် နှာတစ်ဖျား သာကိုသာနေရပါလိမ့်မည်။

ယခုလက်ရှိ နိုင်ငံရေး ရေစီးကြောင်းအရ လွှတ်တော်ဆိုင်ရာကဏ္ဍတွေကို ထပ်ဆင့်လေ့လာဖို့ အချိန် ၁နှစ် ၁နှစ်ခွဲသည် အများဆုံးပေးနိုင်တဲ့ အချိန်ပင်ဖြစ်သည်။ လွှတ်တော်ရောက်မှ လေ့လာရင်း နောက်ထပ်အချိန် ၅နှစ် ပြည်သူလူထုများအနေဖြင့် မပေးနိုင်တော့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်စား ‌လွှတ်တော်‌တွင်း လွှတ်တော်ပြင်ပတွင် စွမ်းဆောင်ရည်ပြရမည့်သူကိုတော့ ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသော အများက လေးစားအပ်သည့် ပုဂ္ဂိုလ်များ ကို သာ
ဖြစ်စေချင်မိပေသည်။

ချစ်ခြင်းအားဖြင့်….❣️

#APS

——————————-

လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္း တင္သြင္း ဖို႔ ႀကံရြယ္ ေနၿပီလား ?

ျပည္သူ့အက်ိဳးအမွန္တကယ္ ေဆာင္ရြက္ခ်င္တယ္ ကိုယ့္ေၾကာင့္ ပါတီဂုဏ္သိကၡာမက်ေစခ်င္ဘူး ဆိုလွ်င္ အမည္စာရင္းေဖာင္မျဖည့္ခင္ ကိုယ့္ကိုယ္ကိုယ္ မညာတမ္းေမးပါ။

ငါ……

ပါတီရဲ႕ ႏိုင္ငံေရးမူဝါဒ သေဘာတရားႏွင့္ ရည္ရြယ္ခ်က္မ်ား လုပ္ငန္းစဉ္မ်ားကို အၿပီးထိ အနည္းဆုံး တစ္ေခါက္ေလာက္ ဖတ္ဖူးရဲ႕လား?
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တစ္ေယာက္ရဲ႕ က်င့္ဝတ္ေတြကို သိၿပီလား?
လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္ရဲ႕ တာဝန္၊ ဝတၱရားေတြကို နားလည္ရဲ႕လား?
၂၀၀၈ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ပိုင္ႏိုင္ရဲ႕လား?

သူတစ္ပါးအေပၚ ကိုယ္ခ်င္းစာနာစိတ္ တကယ္ရွိရဲ႕လား?

ဥပေဒျပဳေရးကို အမွန္တကယ္ ‌နားလည္ၿပီလား?

စာတစ္ေၾကာင္း ေျဖာင့္ေအာင္ေရး၊ စကားတစ္ခြန္း ဆိုလိုရင္းေရာက္ေအာင္ ေျပာႏိုင္ၿပီလား?

ျပည္သူ့လိုအပ္ခ်က္ေတြ ေဒသလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းဖို႔ က်ယ္က်ယ္ျပန္႔ျပန္႔ နားေထာင္ႏိုင္တဲ့ နားရွိၿပီလား?

က်ယ္က်ယ္ျပန္႔ျပန္႔ နားေထာင္ၿပီး ရပ္တည္ေျဖရွင္းရဲတဲ့ သတၱိေရာ တကယ္ရွိရဲ႕လား?
အမွား အမွန္ကို ဆင္ျခင္တုံတရားနဲ႔ ေဝဖန္စိစစ္ ဆုံးျဖတ္ႏိုင္ၿပီလား?

အစိုးနဲ႔ ဌာနဆိုင္ရာေတြကို အျပန္အလွန္ ထိန္းေက်ာင္းႏိုင္တဲ့ အရည္အခ်င္းရွိၿပီလား?

လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ သိထားသင့္ သိထားအပ္တဲ့ ဥပေဒ၊ နည္းဥပေဒေတြကို ေလ့လာဖူးၿပီးၿပီလား?
ဘတ္ဂ်က္က႑၊ ႏိုင္ငံေရးက႑၊ တရားစီရင္ေရးက႑၊ အုပ္ခ်ဳပ္ေရးက႑၊ စီးပြါးေရးဆိုင္ရာ အသိပညာ၊ အေျမာ္အျမင္၊ ႏိုင္ငံတကာေရးရာက႑၊ နည္းပညာက႑၊ တိုင္းရင္းသားေရးရာက႑၊ လွ်ပ္စစ္က႑၊ လယ္ယာေျမႏွင့္ အျခားေျမမ်ားက႑၊ သဘာဝသယံဇာတမ်ားက႑၊ လမ္း၊ တံတား အေျခခံအေဆာက္အဦက႑…… က႑ က႑ က႑‌ေတြကို ငါဘယ္ေလာက္ နားလည္သလဲ…… ေလ့လာဖူးသလဲ…….
တိုင္းျပည္ရဲ႕ အနာဂတ္ေမွ်ာ္မွန္းခ်က္ျဖစ္တဲ့ ဖက္ဒရယ္စနစ္အေၾကာင္းကိုေရာ တီးမိေခါက္မိ ရွိရဲ႕လား ?
ဘယ္အတိုင္းအတာေလာက္ထိ ေလ့လာထားသလဲ ……

ငါ……..

လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္ခ်င္ရျခင္းရဲ႕ အဓိက အေၾကာင္းအရင္းက ဘာလဲ???

ကိုယ့္ကိုယ္ကိုယ္ မညာတမ္း ေမးၾကည့္ၾကစမ္းပါ။
ကိုယ့္ကိုယ္ကိုယ္ မညာတမ္း ေမးၾကည့္ၾကစမ္းပါ။
ကိုယ့္ကိုယ္ကိုယ္ မညာတမ္း ေမးၾကည့္ၾကစမ္းပါ။

လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္ရဲ႕ သိသင့္သိအပ္ တတ္သင့္ တတ္အပ္တာေတြ အမ်ားႀကီး ရွိေနပါေသးတယ္..

အားလုံးကို ပညာရွင္အဆင့္ ကြၽမ္းက်င္ေနရမည္ဟု မဆိုလိုပါ။ ဘယ္လိုပဲ
ျဖစ္ျဖစ္ လႊတ္ေတာ္ကိုယ္စားလွယ္ အေရြးခံမည့္သူဟာ သာမန္လူထက္ ႏွာတစ္ဖ်ား သာကိုသာေနရပါလိမ့္မည္။

ယခုလက္ရွိ ႏိုင္ငံေရး ေရစီးေၾကာင္းအရ လႊတ္ေတာ္ဆိုင္ရာက႑ေတြကို ထပ္ဆင့္ေလ့လာဖို႔ အခ်ိန္ ၁ႏွစ္ ၁ႏွစ္ခြဲသည္ အမ်ားဆုံးေပးႏိုင္တဲ့ အခ်ိန္ပင္ျဖစ္သည္။ လႊတ္ေတာ္ေရာက္မွ ေလ့လာရင္း ေနာက္ထပ္အခ်ိန္ ၅ႏွစ္ ျပည္သူလူထုမ်ားအေနျဖင့္ မေပးႏိုင္ေတာ့ေပ။

ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္ကိုယ္စား ‌လႊတ္ေတာ္‌တြင္း လႊတ္ေတာ္ျပင္ပတြင္ စြမ္းေဆာင္ရည္ျပရမည့္သူကိုေတာ့ ဂုဏ္ထူးဝိေသသႏွင့္ျပည့္စုံေသာ အမ်ားက ေလးစားအပ္သည့္ ပုဂၢိဳလ္မ်ား ကို သာ
ျဖစ္ေစခ်င္မိေပသည္။

ခ်စ္ျခင္းအားျဖင့္….❣️

Share.

About Author

Comments are closed.