fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူတန်းစားအလွှာစုံ အကျုံးဝင်သူအားလုံး၏ အခွင့်အရေးတို့ရရှိရေးကို သူရဦးရွှေမန်းပြောကြား

0

ပြည်ထောင်စုကောင်းကျိုုးဆောင်ပါတီ၏ နိုင်ငံရေးဝါဒကို လက်ခံ ယုံကြည်ပြီး ဒေသအကျိုး၊ ပြည်သူအကျိုး၊ ပြည်ထောင်စု၏ ကောင်းကျိုးကို လက်တွဲ ပါဝင်ဆောင်ရွက်လိုသဖြင့် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဒေးဒရဲမြို့နယ်တို့မှ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပါတီဝင်အဖြစ် အဆိုပြုလွှာပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ် မေလ ၁၅ ရက် နံနက် ၁၀ နာရီအချိန် တွင် ဖျာပုံမြို့၊ ချမ်းမြဇံဟိုတယ်ခန်းမတွင် ပြလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပါတီ ခေါင်းဆောင် သူရဦးရွှေမန်း နှင့် ပါတီမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ် ၅ မြို့နယ်မှ မြို့မိ မြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီဝင်အဆိုပြုလွှာ ပေးအပ်မည့်သူများ၏ မြို့နယ်အလိုက်ကိုယ်စားလှယ်များ၊ ပါတီအား စိတ်ဝင်စားစွာလေ့လာသူများ တက်ရောက်ခဲ့ကြသည်။
တရားဥပဒေစိုးမိုးရေး၊ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေးကာကွယ်ရေး၊ လူမှုစီးပွားဘဝအခြေအနေ၊ ပါတီစည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး အကြံပြုခဲ့ကြကြောင်းလည်းသိရှိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရှင်သန်ခိုင်မာရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေးတို့ကို ရရှိအောင် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံသားဆိုရာတွင် တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ ဝန်ထမ်း၊ တတ်သိပညာရှင် စသည်ဖြင့် လူတန်းစားအလွှာစုံ  အကျုံးဝင်သူအားလုံး၏ အခွင့်အရေးတို့ရရှိရေး၊ နိုင်ငံသားများ လူမှုစီးပွားဘ၀ ပိုမို တိုးတက်ကောင်းမွန်လာရေး၊ နိုင်ငံနှင့်ပြည်သူများ၏ ဂုဏ် သိက္ခာမြင့်မားပြီး ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးတို့ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် ၅ မြို့နယ်မှ ကိုယ်စားလှယ်များက ပါတီခေါင်းဆောင် သူရဦးရွှေမန်းထံ ပါတီဝင် အဆိုပြုလွှာများ ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Share.

About Author

Leave A Reply