fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

လူငယ်များ နိုင်ငံရေး စိတ်ဝင်စားရန် လိုအပ် ဟု သူရဦးရွှေမန်းပြောကြား

0

(Unicode)
ပဲခူး ဒီဇင်ဘာ ၂၈

လူငယ်များအနေဖြင့် နိုင်ငံရေးကို စိတ်ဝင်စားရန် လိုအပ်ကြောင်း၊

နိုင်ငံ့အရေးကိုလည်း စိတ်ဝင်စားရန် လိုအပ်ပါကြေင်း၊

ထို့အတူ နိုင်ငံရေးပါတီများကိုလည်း စိတ်ဝင်စားဖို့လိုကြောင်း၊

နိုင်ငံရေးပါတီများကို စိတ်ဝင်စားပြီး ကိုယ်ကြိုက်နှစ်သက်ရာ ပါတီတွင်ပါာင်ဆောင်ရွက််ရန်လည်း လိုအပ်ကြောင်း၊

မိမိတို့ပါတီကို ဝင်ရောက်ရန်ဆိုလိုခြင်း မဟုတ်ပါကြောင်း၊ ကြိုက်နှစ်သက်သည့် ပါတီသို့ဝင်ရောက်သင့်ပါကြောင်း၊

ကိုယ်တိုင်ဝင်ရောက် မလုပ်နိုင်ပါကလည်းမြန်မာနိုင်ငံတွင်ရှိသည့် ပါတီများအနက် မိမိတို့မြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် ပါတီများကို လေ့လာသင့် ပါကြောင်း၊

မည်သည့်ပါတီက နိုင်ငံရေးလုပ်စားမှာလဲ၊ မည်သည့်ပါတီက နိုင်ငံနဲ့ ပြည်သူအကျိုးကို ဆောင်ရွက်မှာလဲဆိုသည်ကို မှန်ကန်စွာ လေ့လာအကဲဖြတ်နိုင်ရေး လိုအပ်ပါကြောင်း၊

ထိုအတူ ယင်းပါတီ၏ ခေါင်းဆောင်က ဘယ်သူလဲ၊ သူ၏သမိုင်းကြောင်းက ဘယ်လိုရှိလဲ၊ သူဘာတာဝန်တွေယူခဲ့လဲ၊ အဲဒီတာဝန်တွေကို သူကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့သလား၊

သူဟာနိုင်ငံကို ဦးဆောင်နိုင်မယ့် ပုဂ္ဂိုလ်မျိုးဖြစ်သလား၊ သူဟာနိုင်ငံကို ကောင်းစွာကာကွယ်နိုင်မယ့်သူလား၊ နိုင်ငံကိုကောင်းစွာ တည်ဆောက်နိုင်မယ့်သူလား၊ နိုင်ငံ့စီးပွားရေးကို ကောင်းစွာဆောင်ရွက်နိုင်မယ်သူလား ဆိုတာတွေကိုလည်း လေ့လာအကဲခတ် ကြည့်ရမည်ဖြစ်ပါကြောင်း၊

ထို့နောက် ယင်းပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံကြမည့် ကိုယ်စားလှယ်လောင်းများကိုလည်း ကြည့်ရမည်ဖြစ်ပါကြောင်း၊

သို့မှသာ နိုင်ငံမှာ အရည်အသွေးရှိသည့် အစိုးရ ဦးဆောင်နိုင်မည် ဖြစ်ပြီး နိုင်ငံလည်း တိုးတက်ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ ပြည်သူများလည်း ငြိမ်းအေးချမ်းသာမှုများ ရရှိမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့်လူငယ်များ နိုင်ငံရေးကို စိတ်ဝင်စားရန် လိုအပ်ပါကြောင်း

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပဲခူးတိုင်းဒေသကြီး လူငယ်၊ လူရွယ်နှင့် အမျိုးသမီး တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပဲခူးတိုင်းဒေသကြီး လူငယ်၊ လူရွယ်နှင့် အမျိုးသမီး တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ပဲခူးမြို့ရှိ ရွှေဝါထွန်းဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီခေါင်းဆောင် သူရဦးရွေမန်း၊ ပါတီဗဟိုမှ ဦးကိုကိုနိုင်၊ ဦးတင်ထွန်းအောင်၊ ပါတီဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါက်တာခင်မြလွင်၊ ဒေါ်မြမြဖြိုး၊ ဒေါ်စုစုလှိုင်၊ ပဲခူးတိုင်းဒေသကြီးပါတီတာဝန်ခံများဖြစ်ကြသည့် ဦးကျော်စန်းနှင့် ဦးမြင့်ထွန်း၊ ဒေါက်တာခင်မောင်ဆွေ၊ ပါတီမြို့နယ်တာဝန်ခံများ၊ တိုင်းဒေသကြီးနှင့်မြို့နယ် ပါတီလူငယ်ရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်လူငယ်များ၊ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်အမျိုးသမီးများ၊ ပါတီဝင်များ စုံညီစွာတက်ရောက်ကြသည်။

(Zawgyi)

ပဲခူး ဒီဇင်ဘာ ၂၈

လူငယ်များအနေဖြင့် နိုင်ငံရေးကို စိတ်ဝင်စားရန် လိုအပ်ကြောင်း၊

နိုင်ငံ့အရေးကိုလည်း စိတ်ဝင်စားရန် လိုအပ်ပါကြေင်း၊

ထို့အတူ နိုင်ငံရေးပါတီများကိုလည်း စိတ်ဝင်စားဖို့လိုကြောင်း၊

နိုင်ငံရေးပါတီများကို စိတ်ဝင်စားပြီး ကိုယ်ကြိုက်နှစ်သက်ရာ ပါတီတွင်ပါာင်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊

မိမိတို့ပါတီကို ဝင်ရောက်ရန်ဆိုလိုခြင်း မဟုတ်ပါကြောင်း၊ ကြိုက်နှစ်သက်သည့် ပါတီသို့ဝင်ရောက်သင့်ပါကြောင်း၊

ကိုယ်တိုင်ဝင်ရောက် မလုပ်နိုင်ပါကလည်းမြန်မာနိုင်ငံတွင်ရှိသည့် ပါတီများအနက် မိမိတို့မြို့နယ်တွင် ရွေးကောက်ပွဲဝင်မည့် ပါတီများကို လေ့လာသင့် ပါကြောင်း၊

မည်သည့်ပါတီက နိုင်ငံရေးလုပ်စားမှာလဲ၊ မည်သည့်ပါတီက နိုင်ငံနဲ့ ပြည်သူအကျိုးကို ဆောင်ရွက်မှာလဲဆိုသည်ကို မှန်ကန်စွာ လေ့လာအကဲဖြတ်နိုင်ရေး လိုအပ်ပါကြောင်း၊

ထိုအတူ ယင်းပါတီ၏ ခေါင်းဆောင်က ဘယ်သူလဲ၊ သူ၏သမိုင်းကြောင်းက ဘယ်လိုရှိလဲ၊ သူဘာတာဝန်တွေယူခဲ့လဲ၊ အဲဒီတာဝန်တွေကို သူကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့သလား၊

သူဟာနိုင်ငံကို ဦးဆောင်နိုင်မယ့် ပုဂ္ဂိုလ်မျိုးဖြစ်သလား၊ သူဟာနိုင်ငံကို ကောင်းစွာကာကွယ်နိုင်မယ့်သူလား၊ နိုင်ငံကိုကောင်းစွာ တည်ဆောက်နိုင်မယ့်သူလား၊ နိုင်ငံ့စီးပွားရေးကို ကောင်းစွာဆောင်ရွက်နိုင်မယ်သူလား ဆိုတာတွေကိုလည်း လေ့လာအကဲခတ် ကြည့်ရမည်ဖြစ်ပါကြောင်း၊

ထို့နောက် ယင်းပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံကြမည့် ကိုယ်စားလှယ်လောင်းများကိုလည်း ကြည့်ရမည်ဖြစ်ပါကြောင်း၊

သို့မှသာ နိုင်ငံမှာ အရည်အသွေးရှိသည့် အစိုးရ ဦးဆောင်နိုင်မည် ဖြစ်ပြီး နိုင်ငံလည်း တိုးတက်ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ ပြည်သူများလည်း ငြိမ်းအေးချမ်းသာမှုများ ရရှိမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့်လူငယ်များ နိုင်ငံရေးကို စိတ်ဝင်စားရန် လိုအပ်ပါကြောင်း

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပဲခူးတိုင်းဒေသကြီး လူငယ်၊ လူရွယ်နှင့် အမျိုးသမီး တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပဲခူးတိုင်းဒေသကြီး လူငယ်၊ လူရွယ်နှင့် အမျိုးသမီး တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ပဲခူးမြို့ရှိ ရွှေဝါထွန်းဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီခေါင်းဆောင် သူရဦးရွေမန်း၊ ပါတီဗဟိုမှ ဦးကိုကိုနိုင်၊ ဦးတင်ထွန်းအောင်၊ ပါတီဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါက်တာခင်မြလွင်၊ ဒေါ်မြမြဖြိုး၊ ဒေါ်စုစုလှိုင်၊ ပဲခူးတိုင်းဒေသကြီးပါတီတာဝန်ခံများဖြစ်ကြသည့် ဦးကျော်စန်းနှင့် ဦးမြင့်ထွန်း၊ ဒေါက်တာခင်မောင်ဆွေ၊ ပါတီမြို့နယ်တာဝန်ခံများ၊ တိုင်းဒေသကြီးနှင့်မြို့နယ် ပါတီလူငယ်ရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်လူငယ်များ၊ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်အမျိုးသမီးများ၊ ပါတီဝင်များ စုံညီစွာတက်ရောက်ကြသည်။

              

Share.

About Author

Comments are closed.