fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ရှားတောပြည်သူ့ဆေးရုံသို့ နှာခေါင်းစည်း (Face Mask) နှင့် PPE ဝတ်စုံများသွားရောက်လှူဒါန်း

0

ရှားတော ဧပြီ ၆

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် နှာခေါင်းစီး (Face Mask) များနှင့် ရောဂါကာကွယ်ရေး ဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။

ထိုသို့လှူဒါန်းမှုအစီအစဉ်၏ ပဉ္စမမြောက်နေ့အဖြစ် ယနေ့  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ကယားပြည်နယ်၊ ရှားတောမြို့၊ ပြည်သူ့ဆေးရုံသို့ ပါတီမှတာဝန်ရှိသူများ ဆေးရုံအရောက် သွားရောက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် ဆေးရုံမှ  ဆရာဝန်များနှင့် သူနာပြုများက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

Share.

About Author

Comments are closed.