fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ရွှေပြည်သာမြို့နယ်အတွင်း ပိုးသတ်ဆေးဖြန်းလုပ်ငန်းများဆောင်ရွက်

0

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်
ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးစိုးဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
လောင်း ဦးမြသိန်း ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒ နယ်အမှတ်(၁) ကိုယ်စားလှယ်လောင်း
ဦးတင်မောင်ဦး နှင့် မြိုနယ်တာဝန်ခံ ဦးမိုးနိုင်ဦး ၊ ရပ်ကွက်အမှုဆောင်များ ပါတီဝင်များသည်
စက်တင်ဘာလ ၁၇ ရက်နံနက်ပိုင်းက အမှတ် (၂၄) ရပ်ကွက် ၊ ဇီးကုန်းကျေးရွာရပ်ကွက်အတွင်း
၌လည်းကောင်း၊ နေ့လည်၁ နာရီတွင် အမှတ် (၁) ရပ်ကွက်အတွင်း၌လည်းကောင်း ကိုဗစ်-၁၉
ရောဂါကာကွယ်ရေးအတွက် သတ်ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

ယမန်နေ့ကလည်း ရွှေပြည်သာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသည့် အမှတ် ၁၄
ရပ်ကွက်၊ အောင်စေတနာလမ်း ပန်းခြံ ၄၊ ၅၊ ၆ နှင့် ရပ်ကွက်အတါင်းလမ်းများအားလည်းကောင်း
အမှတ် ၁၀ ရပ်ကွက် ပြည်တော်သာပတ်လမ်းနှင့် ရပ်ကွက်အတွင်းလမ်းများအားလည်းကောင်း
ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။

၁၇/၉/၂၀၂၀

Share.

About Author

Comments are closed.