fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ရွှေပြည်သာမြို့နယ်နှင့်သန်လျင်မြို့နယ်တို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆေးဖျန်း

0

ကမ္ဘာ့ကပ်ဘေးရောဂါ ကိုဗစ်-၁၉ ပိုးပျံ့နှံ့ကူးစက်မှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ပါတီဝင်များဖြင့်ဖွဲ့စည်းထားသည့်ကာကွယ်ဆေးဖျန်းအဖွဲ့သည် မြို့နယ်အသီးသီးတွင် ပါတီတာဝန်ခံများနှင့်အတူ ဆေးဖျန်းလုပ်ငန်းများကိုနေ့စဉ်ဆောင်ရွက် လျက်ရှိသည်။

ရန်ကုန်တိုင်းစည်းရုံးရေးတာဝန်ခံ ဦးတင်မောင်ဦးနှင့် ကာကွယ်ဆေးဖျန်းအဖွဲ့သည် သန်လျင်မြို့နယ်စည်းရုံးရေးတာဝန်ခံနှင့်ပါတီဝင်များလိုက်ပါလျက် ဧပြီလ (၂၈)ရက် နံနက်ပိုင်းကသန်လျင်သဘာဝတရားရိပ်သာအတွင်းရှိ အဆောက်အဦများနှင့် လူနေအဆောင်များကိုကာ ကွယ်ဆေးဖျန်းခဲ့ကြသည်။ ဆက်လက်၍ လက်ယက်စမ်းကျေးရွာအုပ်စုရှိ သီလရှင်စာသင်တိုက်တွင်လည်း ကာကွယ်ဆေးဖျန်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

နေ့လည်ပိုင်းတွင် တိုင်းတာဝန်ခံနှင့်ကာကွယ်ဆေးဖျန်းအဖွဲ့သည် မြောက်ပိုင်းခရိုင် ရွှေပြည်သာ မြို့နယ် အမှတ် ၁၄ ရပ်ကွက် ဇီးကုန်းကျေးရွာနှင့် အမှတ် ၉ ရပ်ကွက်ရှိ လမ်းများ၊ ဈေးများနှင့် လူနေအိမ်များကိုလည်း ပိုးသတ်ဆေးဖျန်းလုပ်ငန်းများကို ညနေပိုင်းအထိဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Share.

About Author

Comments are closed.