fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ရွေးကောက်ပွဲ မဝင်တော့ဟု သူရဦးရွှေမန်း ပြော

0

ရွေးကောက်ပွဲ မဝင်တော့ဟု သူရဦးရွှေမန်း ပြော
—— —— —— —– —–

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ၎င်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်တော့ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသည်။

ယနေ့(ဩဂုတ် ၈)ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက ယင်းသို့ ပြောကြားခဲ့သည်။

“ဘာကြောင့်လဲဆိုတော့ ဥက္ကဌကြီးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားထားတဲ့ မြို့နယ်သုံးလေးခုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများစွာ ပေါ်ပေါက်လာပါတယ်။ အဲဒါတွေကို သေချာလေ့လာသုံးသပ်ပြီး ရပ်ရွာဒေသတွေမှာရှိကြတဲ့ပုဂ္ဂိုလ်များရဲ့ သဘောထားအရ မိမိက မိမိရွေးချယ်စဉ်းစားထားတဲ့ မြို့နယ်တွေမှာ ဝင်မပြိုင်ခြင်းဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

သူရဦးရွှေမန်းသည် ကာလကြာရှည်စွာ လက်တွဲခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ လုပ်ဖော်ကိုင်ဖက်များနှင့် လမ်းခွဲခဲ့ပြီးနောက် UBP ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် UBP ပါတီသည် မြို့နယ်ပေါင်း ၂၆၀ ကျော်တွင် ရုံးခွဲများဖွင့်လှစ်ထားပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းပေါင်း ၉၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

“နောက်တချက်က ရွေးကောက်ပွဲမှာ လူတယောက်တည်း အောင်နိုင်မှုရတာထက် လူအများအောင်နိုင်မှုရဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ဥက္ကဌတယောက်အနေနဲ့ ပါတီအောင်နိုင်ရေးအတွက် မိမိတယောက်တည်း အောင်နိုင်ရေးထက် ပါတီအောင်နိုင်ရေးအတွက် အဓိကထားစဉ်းစားပြီး ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲတုန်းကကဲ့သို့ ပါတီတခုတည်းက သောင်ပြိုကမ်းပြို အနိုင်ရမည်မဟုတ်တော့ကြောင်း သူရဦးရွှေမန်းက ပြောကြားထားသည်။

ထွန်း(နေပြည်တော်)

————————

ေရြးေကာက္ပြဲ မဝင္ေတာ့ဟု သူရဦးေရႊမန္း ေျပာ
—— —— —— —– —–

ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲ၌ ၎အေနျဖင့္ ဝင္ေရာက္ယွဉ္ၿပိဳင္မည္ မဟုတ္ေတာ့ေၾကာင္း ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP)ဥကၠဌ သူရဦးေရႊမန္းက ေျပာၾကားသည္။

ယေန႔(ဩဂုတ္ ၈)ျပဳလုပ္သည့္ အြန္လိုင္းသတင္းစာရွင္းလင္းပြဲတြင္ သူရဦးေရႊမန္းက ယင္းသို႔ ေျပာၾကားခဲ့သည္။

“ဘာေၾကာင့္လဲဆိုေတာ့ ဥကၠဌႀကီးအေနနဲ႔ ဝင္ေရာက္ယွဉ္ၿပိဳင္ဖို႔ စဉ္းစားထားတဲ့ ၿမိဳ႕နယ္သုံးေလးခုမွာ ဝင္ေရာက္ယွဉ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းမ်ားစြာ ေပၚေပါက္လာပါတယ္။ အဲဒါေတြကို ေသခ်ာေလ့လာသုံးသပ္ၿပီး ရပ္ရြာေဒသေတြမွာရွိၾကတဲ့ပုဂၢိဳလ္မ်ားရဲ႕ သေဘာထားအရ မိမိက မိမိေရြးခ်ယ္စဉ္းစားထားတဲ့ ၿမိဳ႕နယ္ေတြမွာ ဝင္မၿပိဳင္ျခင္းျဖစ္ပါတယ္”ဟု ၎က ေျပာၾကားခဲ့သည္။

သူရဦးေရႊမန္းသည္ ကာလၾကာရွည္စြာ လက္တြဲခဲ့သည့္ ျပည္ခိုင္ၿဖိဳးပါတီမွ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ လမ္းခြဲခဲ့ၿပီးေနာက္ UBP ပါတီကို တည္ေထာင္ခဲ့ျခင္းျဖစ္သည္။ လက္ရွိတြင္ UBP ပါတီသည္ ၿမိဳ႕နယ္ေပါင္း ၂၆၀ ေက်ာ္တြင္ ႐ုံးခြဲမ်ားဖြင့္လွစ္ထားၿပီး ၂၀၂၀ ေရြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေလာင္းေပါင္း ၉၀၀ ေက်ာ္ဝင္ေရာက္ယွဉ္ၿပိဳင္ရန္ ျပင္ဆင္ထားသည္ဟု ဆိုသည္။

“ေနာက္တခ်က္က ေရြးေကာက္ပြဲမွာ လူတေယာက္တည္း ေအာင္ႏိုင္မႈရတာထက္ လူအမ်ားေအာင္ႏိုင္မႈရဖို႔က အေရးႀကီးပါတယ္။ ဒါေၾကာင့္ ဥကၠဌတေယာက္အေနနဲ႔ ပါတီေအာင္ႏိုင္ေရးအတြက္ မိမိတေယာက္တည္း ေအာင္ႏိုင္ေရးထက္ ပါတီေအာင္ႏိုင္ေရးအတြက္ အဓိကထားစဉ္းစားၿပီး ဆုံးျဖတ္လိုက္ျခင္း ျဖစ္ပါတယ္”ဟု သူရဦးေရႊမန္းက ေျပာၾကားခဲ့သည္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ ၂၀၁၅ ေရြးေကာက္ပြဲတုန္းကကဲ့သို႔ ပါတီတခုတည္းက ေသာင္ၿပိဳကမ္းၿပိဳ အႏိုင္ရမည္မဟုတ္ေတာ့ေၾကာင္း သူရဦးေရႊမန္းက ေျပာၾကားထားသည္။

ထြန္း(ေနျပည္ေတာ္)

Share.

About Author

Comments are closed.