fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ရမည်းသင်းမြို့နယ်အတွင်းရှိ ဆေးရုံများသို့ နှာခေါင်းစည်းနှင့် PPE ဝတ်စုံများ သွားရောက်လှူဒါန်း

0

ရမည်းသင်း ဧပြီ ၁၂

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေးဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။

ထိုသို့လှူဒါန်းမှုအစီအစဉ်၏ (၁၀)ရက်မြောက်နေ့အဖြစ် ယနေ့  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ ရမည်းသင်းပြည်သူ့ဆေးရုံ၊ ထီးလှိုင်တိုက်နယ်ဆေးရုံ၊ သစ်ဆုံကြီးတိုက်နယ်ဆေးရုံနှင့်ရွာတန်းတိုက်နယ်ဆေးရုံများတွင် အသုံးပြုရန်အတွက် နာခေါင်းစည်း (Face Mask) နှင့် PPE များကို ပါတီတာဝန်ခံများက ဆေးရုံအရောက် သွားရောက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် ဆေးရုံမှ ဆရာဝန်များ၊ ဆရာမများ၊ သူနာပြုများနှင့် တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

Share.

About Author

Comments are closed.