fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ရမည်းသင်းမြို့နယ်အတွင်းရှိ ဆေးရုံ များသို့ PPE ဝတ်စုံနှင့် နှာခေါင်းစည်းများ သွားရောက်လှူဒါန်း

0
နေပြည်တော် ဧပြီ ၁၂ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေး ဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်နေ့၌မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ပြည်သူ့ဆေးရုံ၊ထီးလှိုင်တိုက်နယ်ဆေးရုံ၊ရွာတန်းတိုက်နယ်ဆေးရုံနှင့်သစ်ဆုံကြီးတိုက်နယ်ဆေးရုံးများတွင်အသုံးပြုရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေးဝတ်စုံ PPE (Personal Protective Equipment) များကို ပါတီမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းသည်။ ထိုသို့လှူဒါန်းရာတွင် ဆေးရုံအပ်ကြီးဒေါက်တာအိအိခင်နှင့်ဆေးရုံအသီးသီးမှ တာဝန်ရှိသူများက ဝမ်းမြောက်စွာ လက်ခံကြကြောင်း သတင်းရရှိသည်။
Share.

About Author

Comments are closed.