fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

မြစ်ကြီးနားနှင့်ဝိုင်းမော်ဆေးရုံများတွင် နှာခေါင်းစည်းနှင့် PPE များ လှူဒါန်း

0

မြစ်ကြီးနား ဧပြီ ၁၀

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် ဆေးဖြန်းပုံးများ၊ နှာခေါင်းစည်း (Face Mask) များ၊ ရောဂါကာကွယ်ရေးဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များနှင့် လက်အိတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။

ထိုသို့လှူဒါန်းမှုအစီအစဉ်၏ အဋ္ဌမမြောက်နေ့အဖြစ် ယနေ့  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်များရှိ ဆေးရုံများတွင် နှာခေါင်းစည်းများနှင့် လက်အိတ်များအား ပါတီမှတာဝန်ရှိသူများက သွားရောက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူကြကြောင်း သတင်းရရှိသည်။

Share.

About Author

Comments are closed.