မော်လမြိုင် ဧပြီ ၁၁
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေး၊ တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ရှေ့တန်းမှ သက်စွန့်ဆံဖျား အပင်အပန်းခံ ကြိုးပမ်းနေကြသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း (Face Mask) များနှင့် ရောဂါကာကွယ်ရေးဝတ်စုံဖြစ်သည့် PPE (Personal Protective Equipment) များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများ၊ မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဖြန့်ချီလှူဒါန်းလျှက်ရှိသည်။
ထိုသို့လှူဒါန်းမှုအစီအစဉ်၏ နဝမမြောက်နေ့အဖြစ် ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာနသို့ နာခေါင်းစည်း (Face Mask) နှင့် PPE များကို ပါတီတာဝန်ခံများက သွားရောက်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာ လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
