fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် လူငယ်များ၏ပါဝင်မှုအခန်းကဏ္ဍအားမြှင့်တင်ရန် သူရဦးရွှေမန်းပြောကြား

0

(Zawgyi)
အင်းတော် ဒီဇင်ဘာ ၁၄

ယနေ့ မြန်မာနိုင်ငံအရပ်ရပ်ရှိ လူငယ်များအနေဖြင့် အခက်အခဲ၊ စိန်ခေါ်မှု သုံးရပ်နှင့် အဓိက ရင်ဆိုင်နေရပြီး၊ ယင်းအခက်အခဲများမှာ ပညာသင်ကြားနိုင်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် မူယစ်ဆေးဝါးအန္တရာယ်၏ ခြိမ်းခြောက်မှုတို့ ဖြစ်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လူငယ်များ၏ ပါဝင်မှုအခန်းကဏ္ဍအားမြင့်တင်တာဝန်ပေးရန် လိုအပ်ကြောင်း ကသာမြို့နယ်နှင့် အင်းတော်မြို့နယ်ရှိ မြို့မိမြို့ဖများ၊ ပါတီဝင်များနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားသည်။

အင်းတော်မြို့နယ်ရှိ လူငယ်လူရွယ်များအပါအဝင် ပြည်သူများသည် မူးယစ်ဆေးဝါး၏ ခြိမ်းခြောက်မှုအန္တရာယ် ကြုံ​တွေ့နေရသဖြင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား ပြည်သူလူထုက တာဝန်ပေးအပ်ခံရပါက မူးယစ်ဆေးဝါးအန္တရာယ်ကို မည်ကဲ့သို့ ကိုင်တယ်ဖြေရှင်းပါမည်လဲဟု အင်းတော်မြို့ရှိ မြို့မိမြို့ဖတစ်ဦး၏ မေးမြန်းမှုကို သူရဦးရွှေမန်းက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါးကိစ္စတွင် ထုတ်လုပ်သူ၊ ဖြန့်ဖြူးးသူ၊ ဝယ်ယူသုံးစွဲသူ ဟူ၍ အပိုင်း ၃ ပိုင်းရှိပါကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်ဆိုလျှင် တည်ဆဲ ဥပဒေများကို မှန်ကန်မျှတလက်တွေ့ကျအောင် ပြန်လည်စိစစ်ပြင်ဆင်ရန်လည်း ရှိပါကြောင်း၊ အကောင်အထည်ဖော်ရာတွင်လည်း လူငယ်များ၏့အား၊ လူငယ်များ၏ပါဝင်မှုအခန်းကဏ္ဍကို ထိထိရောက် အသုံးပြုသွားရန်လိုပါကြောင်း မြန်မာနိုင်ငံ ရှိလူငယ်များယနေ့ ကြုံတွေ့နေရသည့် အဓိက စိန်ခေါ်မှုနှင့်အခက်အခဲ ၃ ရပ်မှာပညာသင်ကြားရေးအခက်အခဲ။ အလုပ်အကိုင် ရရှိရေးအခက်အခဲနှင့်မူးယစ်ဆေးဝါးအန္တရာယ်တို့ဖြစ်ပါကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီအား ပြည်သူများက တာဝန်ပေးအပ်ပါက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ထိထိရောက် ဆောင်ရွက်နိုင်ရန် လူငယ်များ၏ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ပြီး ဥပဒေနှင့်အညီထိရောက်စွာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ကသာမြို့နယ်နှင့် အင်းတော်မြို့နယ်ရှိ မြို့မိမြို့ဖများ၊ ပါတီဝင်များကို သီးခြားစီတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့မိမြို့ဖများ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးစောလှထွန်း၊ မြို့နယ်တာဝန်ခံများ၊ မြို့နယ်ယာယီပါတီစည်ရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ပါတီကို စိတ်ဝင်စားသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။

            

Share.

About Author

Comments are closed.