fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

မန္တလေးနန်းမြို့တွင်း၌ တပ်တွင်းမဲရုံ လေးရုံထားရှိမည်

0

မန္တလေးနန်းမြို့တွင်း၌ တပ်တွင်းမဲရုံ လေးရုံထားရှိမည်
—— —— —— —– —–
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မန္တလေးနန်းမြို့တွင်းရှိ တပ်မတော်သားများ ဆန္ဒမဲပေးနိုင်ရန် တပ်တွင်းမဲရုံလေးရုံထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

“တိုင်းအနေနဲ့က တပ်တွင်းမဲရုံ (၉၅) ရုံဖွင့်ဖို့ လျာထားတယ်။ နန်းမြို့တွင်းမှာဆိုရင် တပ်က (၁၃) တပ် ရှိတယ်။ အရှေ့ဘက်နီးတဲ့သူက အရှေ့ဘက်မဲရုံပေးရမှာပေါ့။ စုစုပေါင်းညှိနှိုင်းထားတာတော့ လေးရုံပေါ့။ ဒီကြားထဲမှာ အင်အားက နည်းနေသေးတယ်ဆိုရင် သုံးရုံထဲနဲ့ပြီးချင်ပြီးသွားမှာပေါ့” ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

၂၀၁၅ အထွထွေရွေကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း နန်းတွင်တပ်မဲရုံများအပါအဝင် တပ်တွင်းမဲရုံ (၁၀၂) ရုံ၊ တပ်နှင့်ရပ်ကွက်ပေါင်းထားသည့် မဲရုံ ( ၁၀ )ရုံ၊ စုစုပေါင်း ( ၁၁၂ ) ရုံရှိခဲ့ပြီး လာမည့် ၂၀၂၀ အထွေထွေရွေးကာက်ပွဲအတွက် တပ်သီးသန့်မဲရုံ(၈၁)ရုံ၊ ရပ်ကွက်နှင့်တပ်ပေါင်းထားသော မဲရုံ(၁၄)ရုံ စုစုပေါင်း (၉၅)ရုံဖွင့်ရန် လျာထားသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် (UEC) ထုတ်ပြန်ထားပြီး အခြေခံမဲစာရင်းများအရ မန္တလေးတိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၄၅)သိန်းကျော်ရှိကြောင်း၊ ယင်းအနက် တပ်မတော်သားများနှင့် တပ်မတော်သားမိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုစာရင်းမပါရှိကြောင်း သိရသည်။

ဦးရာဇ

——————————-

မႏၲေလးနန္းၿမိဳ႕တြင္း၌ တပ္တြင္းမဲ႐ုံ ေလး႐ုံထားရွိမည္
—— —— —— —– —–
၂၀၂၀ အေထြေထြေရြးေကာက္ပြဲအတြက္ မႏၲေလးနန္းၿမိဳ႕တြင္းရွိ တပ္မေတာ္သားမ်ား ဆႏၵမဲေပးႏိုင္ရန္ တပ္တြင္းမဲ႐ုံေလး႐ုံထားရွိသြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ေရြေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ သိရသည္။

“တိုင္းအေနနဲ႔က တပ္တြင္းမဲ႐ုံ (၉၅) ႐ုံဖြင့္ဖို႔ လ်ာထားတယ္။ နန္းၿမိဳ႕တြင္းမွာဆိုရင္ တပ္က (၁၃) တပ္ ရွိတယ္။ အေရွ႕ဘက္နီးတဲ့သူက အေရွ႕ဘက္မဲ႐ုံေပးရမွာေပါ႔။ စုစုေပါင္းညႇိႏႈိင္းထားတာေတာ့ ေလး႐ုံေပါ႔။ ဒီၾကားထဲမွာ အင္အားက နည္းေနေသးတယ္ဆိုရင္ သုံး႐ုံထဲနဲ႔ၿပီးခ်င္ၿပီးသြားမွာေပါ႔” ဟု မႏၲေလးတိုင္းေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ ဦးရွိန္ဝင္းက ေျပာၾကားသည္။

၂၀၁၅ အထြေထြေရြေကာက္ပြဲတြင္ မႏၲေလးတိုင္းေဒသႀကီးအတြင္း နန္းတြင္တပ္မဲ႐ုံမ်ားအပါအဝင္ တပ္တြင္းမဲ႐ုံ (၁၀၂) ႐ုံ၊ တပ္ႏွင့္ရပ္ကြက္ေပါင္းထားသည့္ မဲ႐ုံ ( ၁၀ )႐ုံ၊ စုစုေပါင္း ( ၁၁၂ ) ႐ုံရွိခဲ့ၿပီး လာမည့္ ၂၀၂၀ အေထြေထြေရြးကာက္ပြဲအတြက္ တပ္သီးသန္႔မဲ႐ုံ(၈၁)႐ုံ၊ ရပ္ကြက္ႏွင့္တပ္ေပါင္းထားေသာ မဲ႐ုံ(၁၄)႐ုံ စုစုေပါင္း (၉၅)႐ုံဖြင့္ရန္ လ်ာထားသည္။

၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲကို ႏိုဝင္ဘာလ(၈)ရက္တြင္က်င္းပသြားမည္ျဖစ္ေၾကာင္း ေရြးေကာက္ပြဲေကာ္မရွင္ (UEC) ထုတ္ျပန္ထားၿပီး အေျခခံမဲစာရင္းမ်ားအရ မႏၲေလးတိုင္းေဒသႀကီးအတြင္း ဆႏၵမဲေပးပိုင္ခြင့္ရွိသူ(၄၅)သိန္းေက်ာ္ရွိေၾကာင္း၊ ယင္းအနက္ တပ္မေတာ္သားမ်ားႏွင့္ တပ္မေတာ္သားမိသားစုဝင္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုစာရင္းမပါရွိေၾကာင္း သိရသည္။

ဦးရာဇ

Share.

About Author

Comments are closed.