(Unicode)
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဇေကမ္ဘာကုမ္ပဏီလီမီတက်မှ ကြီးမှူးကျင်းပသည့် မကွေးတိုင်းဒေသကြီး၊ ပွင်းဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ စေတီပေါင်း၁၂၆ ဆူအား စိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပွဲ၊ လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်းကပ်လှူပူဇော်ပွဲ၊ ရဟန်း၊ ရှင်သာမဏေ အပါး ၅၂၀၀ အား သာသနာ့ဘောင် သွတ်သွင်းပွဲနှင့် ဆွမ်းဆန်စိမ်းကပ်လှူပွဲသို့ တက်ရောက်၍ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်းနှင့် စိန်ဖူးတော်တင်လှူခြင်းတို့အား ပြုလုပ်သည်။
—
(Zawgyi)
—