fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ဖက်ဒရယ်အရေးကို ဦးစားပေးဆောင်ရွက်မည်ဟု သူရဦးရွှေမန်းပြောကြား

0

(Zawgyi)
————————-
တမူး ဒီဇင္ဘာ ၂၁

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ မူဝါဒတစ်ရပ်မှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်မည်ဟူ၍ ဖြစ်ပါကြောင်း၊

သို့ဖြစ်၍ ပါတီသည် ဖက်ဒရယ်စနစ်ကို ဦးစားပေး ဖော်ဆောင်မည်ဖြစ်ပါကြောင်း၊

ဖက်ဒရယ်ဟုဆိုလျှင် အာဏာခွဲဝေကျင့်သုံခြင်း၊ အရင်းအမြစ် ပိုင်ဆိုင်မှုများ ခွဲဝေသုံးစွဲခြင်တို့သာမက အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ကောင်းသောရည်မှန်းချက်များအား အချင်းချင်း ပြိုင်ဆိုင်ခြင်း စသည့် သဘောတရားများ ပါဝင်ပါကြောင်း၊

ထို့အတူ တိုင်းဒေသကြီး၊ ပြည်နယ်များအကြားတွင်လည်းကောင်း၊ တိုင်းဒေသကြီး၊ပြည်နယ်များနှင့် ဗဟိုအဆင့်အကြားတွင်လည်းကောင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ယှဉ်ပြိုင်ခြင်းတို့ကို အားပေးသည့် စနစ်ဖြစ်ပါကြောင်း၊

ထို့အတူ ဖက်ဒရယ်ကို လက်တွေ့ဖော်ဆောင်ခြင်းဖြင့် တရားမျှတမှုကို ပိုမိုဖြစ်ထွန်းစေမည်လည်း ဖြစ်ပါကြောင်း၊

ပူးပေါင်းဆောင်ရွက်ခြင်း၊ ယှဉ်ပြိုင်ခြင်း၊ တရားမျှတခြင်းစသည်တို့သည် ဒီမိုကရေစီ၏ သဘောတရားများ၊ ဒီမိုကရေစီ၏ အသွင်သဏ္ဍာန်များပင် ဖြစ်ပါကြောင်း၊

ထို့ကြောင့် ဖက်ဒရယ်ကို ဖော်ဆောင်ခြင်းဖြင့် ဒီမိုကရေစီ သဘောတရားများလည်း အလိုအလျှောက် ရရှိလာမည် ဖြစ်ပါကြောင်း

တမူးမြို့ရှိ မြို့နယ်ပါတီယာယီစည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်နှင့် ကလေးမြို့နယ်တို့ရှိ ပါတီယာယီစည်းရုံးရေးတာဝန်ခံများအား သီးခြားစီတွေ့ဆုံဆွေးနွေးသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပါတီဌာနချုပ်မှ ဦးတင်ထွန်းအောင်၊ ပါတီဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မြမြဖြိုး၊ စစ်ကိုင်းတိုင်းဒေသကြီးပါတီယာယီစည်းရုံးရေးတာဝန်ခံ ဦးစောလှထွန်း၊ တမူးနှင့် ကလေးမြို့နယ်တို့ရှိ မြို့နယ်ပါတီယာယီစည်းရုံးရေးတာဝန်ခံများ၊ မြို့နယ်ပါတီယာယီစည်ရုံးရေးကော်မတီဝင်များ တက်ရောက်ကြသည်။

               

Share.

About Author

Comments are closed.