fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“ဖက်ဒရယ်ဒီမိုကရေစီနှင့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခိုင်မာအောင်မြင်အောင် ကြိုးပမ်းမည်”ဟု သူရဦးရွှေမန်းပြောကြား

0

ပြည် ဇွန် ၆ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲကို ယနေ့ နေ့လယ် ၂ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သီရိခေတ္တရာ မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ သဲကုန်းမြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်တို့မှ မြို့မိမြို့ဖများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် “ပါတီ၏မူဝါဒ၊ လုပ်ငန်းစဉ်၊ ပါတီ၏ခေါင်းဆောင်၊ ပါဝင်သည့်ပုဂ္ဂိုလ်များ၊ လက်တွေ့ဆောင်ရွက်ရာတွင် အပြောနှင့်အလုပ် ညီ မညီ၊ ဆောင်ရွက်ဖူးသည့်အတွေ့အကြုံ၊ စွမ်းဆောင်ရည်တို့ကို ပြည်သူများက ဆန်းစစ်အကဲဖြတ်ရန် လိုအပ်ပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပီပြင်စွာကျင့်သုံးမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုရပ်တန့်ခြင်း၊ လမ်းချော်လမ်းလွဲခြင်း၊ အရှိန်လွန်ပြီးနောက်ကြောင်းပြန်ခြင်းတို့ကို စိုးရိမ်ပါကြောင်း၊ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး ခိုင်မာအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများရရှိရန် လိုအပ်ကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးသည်ခွဲခြား၍မရကြောင်း၊ နိုင်ငံရေးကောင်းမှ စီးပွားရေးကောင်းမည်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှု၊သာယာဝပြောမှုရှိမှ နိုင်ငံကောင်းမည်ဖြစ်ကြောင်း၊ ၎င်းတို့ကိုပါတီတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရနိုင်ဘဲ ပြည်သူများ၏ထောက်ခံအားပေးမှု၊ ပူးပေါင်းပါဝင်မှုတို့ဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။ ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ကြရာ ပါတီခေါင်းဆောင် သူရဦးရွှေမန်းက လက်ခံရယူသည်။ ထို့နောက်တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ရှင်းလင်းဖြေကြားကြောင်းသတင်းရရှိသည်။

Share.

About Author

Leave A Reply