fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ပြည်သူများနှင့်အတူ ထိရောက်စွာဆောင်ရွက်လိုသဖြင့် ပါတီတည်ထောင်ခြင်းဖြစ်ဟု သူရဦးရွှေမန်းဆို

0

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များအား ယုံကြည်သဖြင့် ပါတီဝင်အဆိုပြုလွှာများပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ် မေလ ၁၄ ရက် နံနက် ၉ နာရီအချိန်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပဲခူးတိုင်းဒေသကြီးရုံး၌ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီခေါင်းဆောင်သူရဦးရွှေမန်းနှင့် ပါတီမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်တို့မှ မြို့မိ၊ မြို့ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီဝင်အဆိုပြုလွှာပေးအပ်မည့်သူများ၊ ပါတီကို လေ့လာသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် သီးနှံဈေးနှုန်းအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ ပါတီစည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းက ပြန်လည်ဆွေးနွေးပြောကြားသည်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပြည်သူများနှင့်အတူ မှန်မှန်ကန်ကန် ထိထိရောက်ရောက် ဆောင်ရွက်လိုသဖြင့် ပါတီတစ်ရပ် တည်ထောင်ခြင်း ဖြစ်ကြောင်း၊ ပြည်သူများ၏အားကို ကောင်းစွာနားလည်ယုံကြည်ပါကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
ပါတီဝင်အဆိုပြုလွှာများကို တက်ရောက်လာသော မြို့နယ် ၅ မြို့နယ်မှ ကိုယ်စားလှယ်များက ပါတီခေါင်းဆောင် သူရဦးရွှေမန်းအား ပေးအပ်ခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် တက်ရောက်သတင်းရယူကြသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

Share.

About Author

Leave A Reply