fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်မှာ လျှောက်သွားနိုင်အောင် ပါတီထောင်ခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား

0

(Unicode)
အုတ်တွင်း နိုဝင်ဘာ ၂၄

ဖက်ဒရယ်စနစ်ကို မှန်ကန်စွာ ကျင့်သုံးနိုင်ခြင်းဖြင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာနိုင်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ညီညွတ်ရေးကိုလည်း ဖြစ်ထွန်းစေနိုင်သည့် ထူးခြားချက်များ ရှိပါကြောင်း၊ ထို့အတူ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများကိုလည်း အားပေးသည့် စနစ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်အောင် ပါတီ တည်ထောင်ခြင်းဖြစ်ကြောင်း ယနေ့ သရက် နှင့် ကျွဲပွဲမြို့မှ ပါတီဝင်များနှင့် သီးခြားစီ တွေ့ဆုံစဉ် သူရဦးရွှေမန်း ပြောကြားသည်။
ဆက်လက်၍ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးများကို အလေးထား ဆောင်ရွက်မည်ဖြစ်သော်လည်း နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိရေးကို ပိုမိုဦးစားပေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည့် Citizen Fundamental Rights များ မရရှိဘဲနှင့် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ရရှိရန်မှာ ခက်ခဲပါကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းသည် ကျောက်တံခါးမြို့နယ်၊ သရက်စိန်ကျေးရွာနှင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တို့ရှိ ပါတီဝင်များအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် သီးခြားစီတွေ့ဆုံရာ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးကျော်စန်း၊ မြို့နယ်ပါတီစည်းရုံးရေးတာဝန်ခံများ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ၊ ပါတီအား စိတ်ဝင်စားသူများ စုံလင်စွာ တက်ရောက်ကြသည်။

(Zawgyi)
ဖက္ဒရယ္စနစ္နဲ႔ ဒီမိုကေရစီစန္ လမ္းေၾကာင္းေပၚမွာ ေလွ်ာက္သြားႏိုင္ေအာင္ ပါတီေထာင္ျခင္း ျဖစ္ေၾကာင္း သူရဦးေရႊမန္းေျပာၾကား
—————————————-
အုတ္တြင္း ႏိုဝင္ဘာ ၂၄

ဖက္ဒရယ္စနစ္ကို မွန္ကန္စြာ က်င့္သံုးႏိုင္ျခင္းျဖင့္ ဒီမိုကေရစီစနစ္ ရွင္သန္ခိုင္မာႏိုင္မည္ျဖစ္ေၾကာင္း၊ ဖက္ဒရယ္စနစ္သည္ ႏိုင္ငံဖြံ႔ၿဖိဳးတိုးတက္ေရးႏွင့္ ညီၫြတ္ေရးကိုလည္း ျဖစ္ထြန္းေစႏိုင္သည့္ ထူးျခားခ်က္မ်ား ရိွပါေၾကာင္း၊ ထို႔အတူ ညွိႏိႈင္းေပါင္းစပ္ ေဆာင္ရြက္သည့္ အေလ့အက်င့္ေကာင္းမ်ားကိုလည္း အားေပးသည့္ စနစ္ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံကို ဖက္ဒရယ္ဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ခိုင္မာစြာေလ်ွာက္လွမ္းႏိုင္ေအာင္ ပါတီတည္ေထာင္ျခင္းျဖစ္ေၾကာင္း ယေန႔ သရက္ ႏွင့္ ကြၽဲပြဲၿမိဳ႕မွ ပါတီဝင္မ်ားႏွင့္ သီးျခားစီ ေတြ႕ဆံုစဥ္ သူရဦးေရႊမန္း ေျပာၾကားသည္။

ဆက္လက္၍ ဒီမိုကေရစီအခြင့္အေရး၊ လူ႔အခြင့္အေရးမ်ားကို အေလးထား ေဆာင္ရြက္မည္ျဖစ္ေသာ္လည္း ႏိုင္ငံသားမ်ား၏ မူလအခြင့္အေရးမ်ား ရရိွေရးကို ပိုမိုဦးစားေပး ေဆာင္ရြက္မည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံသားမ်ား၏ မူလအခြင့္အေရးျဖစ္သည့္ Citizen Fundamental Rights မ်ား မရရိွဘဲႏွင့္ ဒီမိုကေရစီအခြင့္အေရးႏွင့္ လူ႔အခြင့္အေရးမ်ား ရရိွရန္မွာ ခက္ခဲပါေၾကာင္း သူရဦးေရႊမန္းက ေျပာၾကားသည္။
ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ေခါင္းေဆာင္ သူရဦးေရႊမန္းသည္ ေက်ာက္တံခါးၿမိဳ႕နယ္၊ သရက္စိန္ေက်းရြာႏွင့္ အုတ္တြင္းၿမိဳ႕နယ္၊ ကြၽဲပြဲၿမိဳ႕တို႔ရွိ ပါတီဝင္မ်ားအား ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၄ ရက္ေန႔ နံနက္ပိုင္းႏွင့္ ေန႔လယ္ပိုင္းတို႔တြင္ သီးျခားစီေတြ႕ဆံုရာ ပဲခူးတိုင္းေဒသႀကီးတာဝန္ခံ ဦးေက်ာ္စန္း၊ ၿမိဳ႕နယ္ပါတီစည္း႐ုံးေရးတာဝန္ခံမ်ား၊ ပါတီဝင္မ်ား၊ ရပ္မိရပ္ဖမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ပါတီအား စိတ္ဝင္စားသူမ်ား စံုလင္စြာ တက္ေရာက္ၾကသည္။

Share.

About Author

Comments are closed.