fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ကြောင်း” သူရဦးရွှေမန်းပြောကြား

0

ထားဝယ် ဇွန် ၁၁

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ လူထုတွေ့ဆုံပွဲကို ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တိုင်းဒေသကြီးပါတီရုံး၌ ပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့မိမြို့ဖများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် “ပြည်သူများ၏ လိုအပ်ချက်နှင့် အခက်အခဲများကို သိရှိပြီး အဓိက ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ အဓိကလိုအပ်ချက်သည် စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးဖြစ်ကြောင်း၊ စားဝတ်နေရေး၊ လူမှုရေးကို စီးပွားရေးက ပြဋ္ဌာန်းပါကြောင်း၊ စီးပွားရေးသည် နိုင်ငံရေးဖြစ်ပြီး နိုင်ငံရေးကလည်း စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် အောင်မြင်အောင် ဆောင်ရွက်နိုင်လျှင် တနင်္သာရီတိုင်းဒေသကြီး သာမက နိုင်ငံ့အတွက် များစွာအကျိုးရှိမည်ဖြစ်၍ အလေးထားပါကြောင်း၊ လူ့အခွင့်အရေးကို အလေးထားဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံသားများ၏ မူလအခွင့်အရေးကို ပိုမိုဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံသားများတွင် တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းနှင့် အခြေခံလူတန်းစားများ အကျုံးဝင်ပါကြောင်း၊ ပါတီတည်ထောင်ခြင်းသည် ပြည်သူများအား အလုပ်အကျွေးပြုလို၍ဖြစ်ကြောင်း၊ ပါတီအား လေ့လာဆန်းစစ်အကဲဖြတ်ပြီး တာဝန်ပေးစေလိုပါကြောင်း၊ ပါတီတွင် ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဒေသကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုး ဆောင်ရွက်လိုသည့် စိတ်ကောင်းစေတနာရှိသူ၊ အတွေ့အကြုံနှင့် အရည်အချင်းရှိသူများအား ဖိတ်ခေါ်ပါကြောင်း၊ အင်အား၊ စွမ်းဆောင်ရည်နှင့် ပြည်သူများက တာဝန်ပေးအပ်မှုရှိမှ နိုင်ငံအတွက် ပြည်သူ့အတွက် ထိရောက်စွာ အလုပ်အကျွေးပြုနိုင်မည်ဖြစ်ကြောင်း” ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး ၊ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဒေသလိုအပ်ချက်များ၊ ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ရှင်းလင်း ဖြေကြားကြောင်း သတင်းရရှိသည်။

Share.

About Author

Comments are closed.