fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“ပြည်သူများ၏ပူပေါင်းပါဝင်မှုနှင့်ထောက်ခံအားပေးမှုကြောင့် ယခုကဲ့သို့ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား”

0

“ပြည်သူများ၏ပူပေါင်းပါဝင်မှုနှင့်ထောက်ခံအားပေးမှုကြောင့် ယခုကဲ့သို့ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား”

**********************

ပေါင်းတည် ဩဂုတ် ၂၀

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့၊ မြို့နယ်ပါတီရုံး၌လည်းကောင်း၊ နေ့လယ် ၁ နာရီအချိန်တွင် ပေါင်းတည်မြို့၊ မြို့နယ်ပါတီရုံး၌လည်းကောင်း ပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကြို့ပင်ကောက်မြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ပေါင်းတည်မြို့နယ်တို့မှ မြို့မိမြို့ဖများ၊ ပါတီဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

တွေ့ဆုံရာတွင် “မိမိတို့တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ၏ လက်ရှိတွေ့ကြုံနေရသည့် အခြေအနေ၊ စားဝတ်နေရေး၊ ဝင်ငွေ၊ လုပ်ခလစာ စသည့်အခက်အခဲများကို သိရှိနားလည်စာနာပါကြောင်း၊

မိမိအဆင်ပြေတိုင်း အခြားသူများ အဆင်ပြေသည်ဟု မယူဆပါကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး ယခုထက်အဆင်ပြေကောင်းမွန်စေရန်၊ ကိုယ့်ဂုဏ်ကိုယ့်သိက္ခာနှင့်နေနိုင်စေရန်၊ ဒေသအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုးဆောင်ရွက်ရန် စိတ်စေတနာဖြင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို မိမိတို့တည်ထောင်ခြင်းဖြစ်ပါကြောင်း၊

အခက်အခဲနှင့်စိန်ခေါ်မှုများစွာရှိသော်လည်း မွန်မြတ်သော စိတ်စေတနာဖြင့် ဆောင်ရွက်ခြင်းကြောင့် ယုံကြည်မှုနှင့် စိတ်ဓာတ်ခွန်အားများ ရရှိပါကြောင်း၊

ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် ထောက်ခံအားပေးမှုကြောင့် ယခုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းဖြစ်ပါကြောင်း၊

စိတ်ကောင်းစေတနာရှိသူ၊ ကိုယ်ချင်းစာစိတ်ရှိသူ၊ စာနာထောက်ထားတတ်သူ၊ ရိုင်းပင်းကူညီလိုစိတ်ရှိသူတို့ များစွာလိုအပ်ပါကြောင်း၊

ပါတီဝင်အင်အား တိုးတက်ရရှိရန် လိုအပ်သကဲ့သို့ အရည်အချင်းရှိသူများလည်း လိုအပ်ပါကြောင်း၊

ဒေသအကျိုး အများအကျိုးကို ဆောင်ရွက်နိုင်သည့် စွမ်းအားရှိသူများ၊ ပြည်သူများက လက်ခံယုံကြည်သူများ ပါဝင်လာရန်လည်း လိုအပ်ပါကြောင်း၊

မိမိတို့ပါတီအကြောင်း ပြည်သူများက သိရှိနားလည်လက်ခံအောင်၊ ပြည်သူများ၏ ယုံကြည်အားထားမှုရအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

သို့မှသာ ပြည်သူများက နှိုင်းယှဉ်စဉ်းစားပြီး ရွေးချယ်ဆုံးဖြတ်နိုင်မည် ဖြစ်ပါကြောင်း၊

ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်း က ထည့်သွင်းပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပါတီ၏ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး မေးမြန်းအကြံပြုမှုများကို ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းက ပြန်လည်ရှင်းလင်း ဖြေကြားကြောင်း သတင်းရရှိပါသည်။

===================================

“ျပည္သူမ်ား၏ ပူေပါင္းပါဝင္မႈႏွင့္ေထာက္ခံအားေပးမႈေၾကာင့္ ယခုကဲ႔သို႕ေဆာင္ရြက္ႏိုင္ျခင္းျဖစ္ေၾကာင္း သူရဦးေရႊမန္း ေျပာၾကား”
**********************

ေပါင္းတည္ ဩဂုတ္ ၂၀

ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ၏ ေခါင္းေဆာင္ သူရဦးေရႊမန္းႏွင့္ ေဒသခံျပည္သူမ်ား ေတြ႔ဆံုေဆြးေႏြးပြဲကုိ ယေန႔ နံနက္ ၉ နာရီခြဲအခ်ိန္တြင္ ပဲခူးတိုင္းေဒသႀကီး၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕၊ ၿမိဳ႕နယ္ပါတီရံုး၌လည္းေကာင္း၊ ေန႔လယ္ ၁ နာရီအခ်ိန္တြင္ ေပါင္းတည္ၿမိဳ႕၊ ၿမိဳ႕နယ္ပါတီရံုး၌လည္းေကာင္း ျပဳလုပ္ရာ ပါတီ၏ေခါင္းေဆာင္ သူရဦးေရႊမန္းႏွင့္ ပါတီမွ တာဝန္႐ွိပုဂၢဳိလ္မ်ား၊
ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ မင္းလွၿမိဳ႕နယ္၊ အုတ္ဖိုၿမိဳ႕နယ္၊
ေပါင္းတည္ၿမိဳ႕နယ္တို႔မွ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ပါတီဝင္မ်ား၊ လူမႈအဖြဲ႔အစည္းမ်ား၊ ပါတီဝင္အျဖစ္ အဆုိျပဳထားသူမ်ား၊ ပါတီအေပၚ စိတ္ဝင္စား၍ ေလ့လာသူမ်ား တက္ေရာက္ၾကသည္။

ေတြ႔ဆံုရာတြင္ “မိမိတို႕ေတာင္သူလယ္သမားမ်ား၊ အလုပ္သမားမ်ား၊ ႏိုင္ငံ႔ဝန္ထမ္းမ်ား၊ ျပည္သူမ်ား၏ လက္ရွိေတြ႕ႀကံဳေနရသည့္ အေျခအေန၊ စားဝတ္ေနေရး၊ ဝင္ေငြ၊ လုပ္ခလစာ စသည့္အခက္အခဲမ်ားကို သိရွိနားလည္စာနာပါေၾကာင္း၊

မိမိအဆင္ေျပတိုင္း အျခားသူမ်ား အဆင္ေျပသည္ဟု မယူဆပါေၾကာင္း၊ ျပည္သူမ်ား၏ စားဝတ္ေနေရး ယခုထက္အဆင္ေျပေကာင္းမြန္ေစရန္၊ ကိုယ့္ဂုဏ္ကိုယ့္သိကၡာႏွင့္ေနႏိုင္ေစရန္၊ ေဒသအက်ိဳး၊ အမ်ားအက်ိဳး၊ ႏိုင္ငံ့အက်ိဳးေဆာင္ရြက္ရန္ စိတ္ေစတနာျဖင့္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီကို မိမိတို႔တည္ေထာင္ျခင္းျဖစ္ပါေၾကာင္း၊

အခက္အခဲႏွင့္စိန္ေခၚမႈမ်ားစြာရွိေသာ္လည္း မြန္ျမတ္ေသာ စိတ္ေစတနာျဖင့္ ေဆာင္ရြက္ျခင္းေၾကာင့္ ယံုၾကည္မႈႏွင့္ စိတ္ဓာတ္ခြန္အားမ်ား ရရွိပါေၾကာင္း၊

ျပည္သူမ်ား၏ ပူးေပါင္းပါဝင္မႈႏွင့္ ေထာက္ခံအားေပးမႈေၾကာင့္ ယခုကဲ႔သို႕ ေဆာင္ရြက္ႏိုင္ျခင္းျဖစ္ပါေၾကာင္း၊

စိတ္ေကာင္းေစတနာရွိသူ၊ ကိုယ္ခ်င္းစာစိတ္ရွိသူ၊ စာနာေထာက္ထားတတ္သူ၊ ရိုင္းပင္းကူညီလိုစိတ္ရွိသူတို႔ မ်ားစြာလိုအပ္ပါေၾကာင္း၊

ပါတီဝင္အင္အား တိုးတက္ရရွိရန္ လိုအပ္သကဲ႔သို႕ အရည္အခ်င္းရွိသူမ်ားလည္း လိုအပ္ပါေၾကာင္း၊

ေဒသအက်ိဳး အမ်ားအက်ိဳးကို ေဆာင္ရြက္ႏိုင္သည့္ စြမ္းအားရွိသူမ်ား၊ ျပည္သူမ်ားက လက္ခံယံုၾကည္သူမ်ား ပါဝင္လာရန္လည္း လိုအပ္ပါေၾကာင္း၊

မိမိတို႔ပါတီအေၾကာင္း ျပည္သူမ်ားက သိရွိနားလည္လက္ခံေအာင္၊ ျပည္သူမ်ား၏ ယံုၾကည္အားထားမႈရေအာင္ ေဆာင္ရြက္ၾကရမည္ျဖစ္ပါေၾကာင္း၊

သို႔မွသာ ျပည္သူမ်ားက ႏိႈင္းယွဥ္စဥ္းစားၿပီး ေရြးခ်ယ္ဆံုးျဖတ္ႏိုင္မည္ ျဖစ္ပါေၾကာင္း၊

ပါတီ၏ေခါင္းေဆာင္ သူရဦးေရႊမန္း က ထည့္သြင္းေျပာၾကားသည္။

ထုိသုိ႔ေတြ႔ဆုံရာတြင္ တရားဥပေဒစိုးမုိးေရး၊ ေဒသဖြံ႔ျဖိဳးေရး၊ ပါတီ၏ မူဝါဒ၊ လုပ္ငန္းစဥ္မ်ား၊ ပါတီစည္း႐ုံးေရးႏွင့္ ပါတီဖြဲ႔စည္းေရးဆုိင္ရာ ကိစၥရပ္မ်ားကုိ တက္ေရာက္လာၾကသူမ်ားက ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးၾကၿပီး ေမးျမန္းအၾကံျပဳမႈမ်ားကို ပါတီ၏ေခါင္းေဆာင္ သူရဦးေရႊမန္းက ျပန္လည္႐ွင္းလင္း ေျဖၾကားေၾကာင္း သတင္းရ႐ွိပါသည္။

Share.

About Author

Comments are closed.