fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“ပြည်သူများ၏စားဝတ်နေရေး၊ လူမှုရေး အခြေအနေ ယခုထက်ပို၍အဆင်ပြေအောင် ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း” သူရဦးရွှေမန်းပြောကြား

0

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ လူထုတွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ အမှတ်(၃)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းနေအိမ်တွင် လည်းကောင်း၊ နေ့လယ် ၁၂ နာရီ အချိန်တွင် ကျောက်ကြီးမြို့၊ ရွှေသရဖူ မင်္ဂလာခန်းမ၌လည်းကောင်း၊ နေ့လယ် ၂ နာရီခွဲ အချိန်တွင် ကျောက်တံခါးမြို့နယ်၊ အနမ်းပေါ်ကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာနေအိမ်၌လည်းကောင်း၊ ညနေ ၄ နာရီခွဲအချိန်တွင် ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းမြို့နေအိမ်၌လည်းကောင်း ပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောက်ကြီးမြို့မှ မြို့မိမြို့ဖများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှရပ်မိရပ်ဖများ၊ ကျောက်တံခါးမြို့မှ မြို့မိမြို့ဖများ၊ မြို့ချောင်းမြို့မှ မြို့မိမြို့ဖများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအား စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် “ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေးအခြေအနေ ယခုထက်ပို၍ အဆင်ပြေအောင်၊ ဝင်ငွေတိုးတက်အောင်နှင့် ကောင်းကျိုးချမ်းသာရရှိအောင် ဆောင်ရွက်ရန် ရည်ရွယ်ပါကြောင်း၊ ကိုယ်အဆင်ပြေတိုင်း အခြားသူများ အဆင်ပြေသည်ဟု မယူဆပါကြောင်း၊ လယ်သမားသားသမီးဖြစ်သည့်အပြင် ဆက်စပ်မှုနှင့် စိတ်ဝင်စားမှု ရှိသဖြင့် အခြေခံလူတန်းစားများ၏ အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်တို့ကို သိရှိနေသည့်အလျောက် ပြည်သူက တာဝန်ပေးပါက တောင်သူလယ်သမားများ၊ အလုပ်သမားများ၏ ဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံ့ဝန်ထမ်းများ၏ အခြေအနေ ပိုမိုကောင်းမွန်အောင် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မည်ဆိုသည့်ယုံကြည်ချက်ဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း” ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။ ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး ၊ ဒေသဖွံ့ဖြိုးရေး ၊ စိုက်ပျိုးမွေးမြူ ရေး၊ ပညာရေး၊ ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ကြရာ ပါတီခေါင်းဆောင် သူရဦးရွှေမန်းက လက်ခံရယူသည်။ထို့နောက် သတင်းမီဒီယာ၏ မေးမြန်းမှုများကို ပါတီခေါင်းဆောင်သူရဦးရွှေမန်းက ပြန်လည်ရှင်းလင်းဖြေကြားကြောင်း သတင်းရရှိသည်။

Share.

About Author

Leave A Reply