fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

“ပြည်သူများက ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပြီး ရွေးချယ်မှု မှန်ကန်ရန်လိုကြောင်း သူရဦးရွှေမန်းပြောကြား”

0

” ပြည်သူများက ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပြီး ရွေးချယ်မှု မှန်ကန်ရန်လိုကြောင်း သူရဦးရွှေမန်းပြောကြား”
**************************
ပြည်မြို့ သြဂုတ် ၂၀

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၂ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိဝေဖြာရပ်ကွက်၊ ပတ္တမြားလမ်းရှိ ပါတီဝင်တစ်ဦး၏ နေအိမ်၌လည်းကောင်း၊ ညနေ ၄ နာရီခွဲအချိန်တွင် ရွှေတောင်မြို့နယ်၊ ကျီးသဲအုပ်စု၊ ကျီးသဲဆုတောင်းပြည့်ဓမ္မာရုံ၌ လည်းကောင်း၊ ည ၈ နာရီအချိန်တွင် ပြည်မြို့၊ Prome Garden Hotel ခန်းမ၌လည်းကောင်း ပြုလုပ်ရာ ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းနှင့် ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊
ရွှေတောင်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ပြည်မြို့နယ်တို့မှ မြို့မိမြို့ဖများ၊ ပါတီဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ ပါတီဝင်အဖြစ် အဆိုပြုထားသူများ၊ ပါတီအပေါ် စိတ်ဝင်စား၍ လေ့လာသူများ တက်ရောက်ကြသည်။

တွေ့ဆုံရာတွင် “ပြည်သူများအနေဖြင့် နိုင်ငံရေးပါတီများကိုရွေးချယ်ရာတွင် ပါတီ၏ ခေါင်းဆောင်ကိုကြည့်ရန်လိုပါကြောင်း၊ ခေါင်းဆောင်ဖြစ်သူ၏ စိတ်ဓာတ်၊ လုပ်ဆောင်ချက်၊ သမိုင်းနောက်ကြောင်းနှင့် စိတ်စေတနာ၊ ယင်းစိတ်စေတနာကို ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့သလဲ၊ သူ၏တာဝန်ကို သူဘယ်လောက်တာဝန်ကျေခဲ့သလဲ၊ လက်ရှိမည်သို့ပြောဆိုလုပ်ကိုင်နေသလဲ၊ နောင်အနာဂတ်အတွက် ဘယ်လိုရည်ရွယ်ထားသလဲ စသည်တို့ကို ရှုမြင်ခန့်မှန်းသုံးသပ်ရန် အရေးကြီးပါကြောင်း၊

မူဝါဒသည် အရေးကြီးသကဲ့သို့ လူပုဂ္ဂိုလ်သည်လည်း အရေးကြီးပါကြောင်း၊ ပါတီ၏ မူဝါဒများကို လေ့လာရန်နှင့် ယင်းပါတီတွင် ဆောင်ရွက်နေကြသူများ၏ အခြေအနေကိုလည်း လေ့လာသိရှိရန်လိုပါကြောင်း၊

နိုင်ငံရေးပါတီများအနက် ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအတွက် မည်သည့်ပါတီက အကျိုးပြုနိုင်မှုအများဆုံး ဖြစ်မည်ဆိုသည်ကို ပြည်သူများက ရွေးချယ်နိုင်ရန်လိုပါကြောင်း၊

မိမိတို့ပါတီကို ရွေးချယ်ပါဟု မပြောလိုပါကြောင်း၊ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါကြောင်း၊ ရွေးချယ်မှု မှန်ကန်ရန်သာလိုပါကြောင်း၊

ကိုယ်ရွေးချယ်သည်ကို ကိုယ်ရရှိမည်ဖြစ်ပါကြောင်း၊ လူမှန်၊ နေရာမှန်၊ ပါတီမှန်ကန်စွာ ရွေးရန်လိုပါကြောင်း၊ မိမိတို့ပါတီအနေဖြင့် ဒေသက သင့်လျော်သည်ဟု လျာထားပေးသူများကို စွမ်းဆောင်နိုင်မှု ပိုမိုထက်မြက်ကောင်းမွန်အောင် ပျိုးထောင်မြေတောင်မြှောက်ပေးခြင်း၊ နေရာပေး၊ တာဝန်ပေးခြင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် အတူလက်တွဲပြီး ဒေသအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုးဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း”

ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူများ၏ စားဝတ်နေရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ပါတီစည်းရုံးရေးနှင့် ပါတီဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး မေးမြန်းအကြံပြုမှုများကို ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းက ပြန်လည်ရှင်းလင်း ဖြေကြားကြောင်း သတင်းရရှိပါသည်။

==========================

(Zawgyi)

” ျပည္သူမ်ားက ႀကိဳက္ႏွစ္သက္ရာကို ေရြးခ်ယ္ႏိုင္ၿပီး ေရြးခ်ယ္မႈ မွန္ကန္ရန္လိုေၾကာင္း သူရဦးေရႊမန္းေျပာၾကား”
**************************
ျပည္ၿမိဳ႕ ၾသဂုတ္ ၂၀

ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ၏ ေခါင္းေဆာင္ သူရဦးေရႊမန္းႏွင့္ ေဒသခံျပည္သူမ်ား ေတြ႔ဆံုေဆြးေႏြးပြဲကုိ ယေန႔ ေန႔လယ္ ၂ နာရီခြဲအခ်ိန္တြင္ ပဲခူးတိုင္းေဒသႀကီး၊ သဲကုန္းၿမိဳ႕နယ္၊ အင္းမၿမိဳ႕၊ သီရိေဝျဖာရပ္ကြက္၊ ပတၱျမားလမ္း႐ွိ ပါတီဝင္တစ္ဦး၏ ေနအိမ္၌လည္းေကာင္း၊ ညေန ၄ နာရီခြဲအခ်ိန္တြင္ ေရႊေတာင္ၿမိဳ႕နယ္၊ က်ီးသဲအုပ္စု၊ က်ီးသဲဆုေတာင္းျပည့္ဓမၼာရံု၌ လည္းေကာင္း၊ ည ၈ နာရီအခ်ိန္တြင္ ျပည္ၿမိဳ႕၊ Prome Garden Hotel ခန္းမ၌လည္းေကာင္း ျပဳလုပ္ရာ ပါတီ၏ေခါင္းေဆာင္ သူရဦးေရႊမန္းႏွင့္ ပါတီမွ တာဝန္႐ွိပုဂၢဳိလ္မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊
ေရႊေတာင္ၿမိဳ႕နယ္၊ သဲကုန္းၿမိဳ႕နယ္၊ ျပည္ၿမိဳ႕နယ္တို႔မွ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ပါတီဝင္မ်ား၊ လူမႈအဖြဲ႔အစည္းမ်ား၊ ပါတီဝင္အျဖစ္ အဆုိျပဳထားသူမ်ား၊ ပါတီအေပၚ စိတ္ဝင္စား၍ ေလ့လာသူမ်ား တက္ေရာက္ၾကသည္။

ေတြ႔ဆံုရာတြင္ “ျပည္သူမ်ားအေနျဖင့္ ႏိုင္ငံေရးပါတီမ်ားကိုေရြးခ်ယ္ရာတြင္ ပါတီ၏ ေခါင္းေဆာင္ကိုၾကည့္ရန္လိုပါေၾကာင္း၊ ေခါင္းေဆာင္ျဖစ္သူ၏ စိတ္ဓာတ္၊ လုပ္ေဆာင္ခ်က္၊ သမိုင္းေနာက္ေၾကာင္းႏွင့္ စိတ္ေစတနာ၊ ယင္းစိတ္ေစတနာကို ဘယ္လိုအေကာင္အထည္ေဖာ္ေဆာင္ရြက္ ႏိုင္ခဲ႔သလဲ၊ သူ၏တာဝန္ကို သူဘယ္ေလာက္တာဝန္ေက်ခဲ႔သလဲ၊ လက္ရွိမည္သို႔ေျပာဆိုလုပ္ကိုင္ေနသလဲ၊ ေနာင္အနာဂတ္အတြက္ ဘယ္လိုရည္ရြယ္ထားသလဲ စသည္တို႔ကို ရႈျမင္ခန္႔မွန္းသံုးသပ္ရန္ အေရးႀကီးပါေၾကာင္း၊

မူဝါဒသည္ အေရးႀကီးသကဲ႔သို႔ လူပုဂၢိဳလ္သည္လည္း အေရးႀကီးပါေၾကာင္း၊ ပါတီ၏ မူဝါဒမ်ားကို ေလ့လာရန္ႏွင့္ ယင္းပါတီတြင္ ေဆာင္ရြက္ေနၾကသူမ်ား၏ အေျခအေနကိုလည္း ေလ့လာသိရွိရန္လိုပါေၾကာင္း၊

ႏိုင္ငံေရးပါတီမ်ားအနက္ ကိုယ့္ေဒသ၊ ကိုယ့္ႏိုင္ငံအတြက္ မည္သည့္ပါတီက အက်ိဳးျပဳႏိုင္မႈအမ်ားဆံုး ျဖစ္မည္ဆိုသည္ကို ျပည္သူမ်ားက ေရြးခ်ယ္ႏိုင္ရန္လိုပါေၾကာင္း၊

မိမိတို႔ပါတီကို ေရြးခ်ယ္ပါဟု မေျပာလိုပါေၾကာင္း၊ ႀကိဳက္ႏွစ္သက္ရာကို ေရြးခ်ယ္ႏိုင္ပါေၾကာင္း၊ ေရြးခ်ယ္မႈ မွန္ကန္ရန္သာလိုပါေၾကာင္း၊

ကိုယ္ေရြးခ်ယ္သည္ကို ကိုယ္ရရွိမည္ျဖစ္ပါေၾကာင္း၊ လူမွန္၊ ေနရာမွန္၊ ပါတီမွန္ကန္စြာ ေရြးရန္လိုပါေၾကာင္း၊ မိမိတို႔ပါတီအေနျဖင့္ ေဒသက သင့္ေလ်ာ္သည္ဟု လ်ာထားေပးသူမ်ားကို စြမ္းေဆာင္ႏိုင္မႈ ပိုမိုထက္ျမက္ေကာင္းမြန္ေအာင္ ပ်ိဳးေထာင္ေျမေတာင္ေျမွာက္ေပးျခင္း၊ ေနရာေပး၊ တာဝန္ေပးျခင္း ေဆာင္ရြက္ေပးမည္ျဖစ္ပါေၾကာင္း၊

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီႏွင့္ အတူလက္တြဲၿပီး ေဒသအက်ိဳး၊ အမ်ားအက်ိဳး၊ ႏိုင္ငံ့အက်ိဳးေဆာင္ရြက္ႏိုင္ရန္ ဖိတ္ေခၚပါေၾကာင္း”

ပါတီ၏ေခါင္းေဆာင္ သူရဦးေရႊမန္းက ထည့္သြင္းေျပာၾကားသည္။

ထုိသုိ႔ေတြ႔ဆုံရာတြင္ တရားဥပေဒစိုးမုိးေရး၊ ေဒသဖြံ႔ျဖိဳးေရး၊ ျပည္သူမ်ား၏ စားဝတ္ေနေရး၊ စီးပြားေရး၊ စိုက္ပ်ိဳးေရး၊ ပါတီစည္း႐ုံးေရးႏွင့္ ပါတီဖြဲ႔စည္းေရးဆုိင္ရာ ကိစၥရပ္မ်ားကုိ တက္ေရာက္လာၾကသူမ်ားက ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးၾကၿပီး ေမးျမန္းအၾကံျပဳမႈမ်ားကို ပါတီ၏ေခါင္းေဆာင္ သူရဦးေရႊမန္းက ျပန္လည္႐ွင္းလင္း ေျဖၾကားေၾကာင္း သတင္းရ႐ွိပါသည္။ 

Share.

About Author

Comments are closed.