fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်သူနှင့်အတူ အောင်မြင်ခဲ့ခြင်းနှင့် ယင်းအောင်မြင်ခြင်းကို အသိအမှတ်ပြုမှုတို့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရကြောင်း သူရဦးရွှေမန်းပြောကြား

0

ပုသိမ် မေ ၁၆ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ပါတီဝင်အဖြစ် လျှောက်ထားသူများက အဆိုပြုလွှာပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ်၊ မေလ၊ ၁၆ ရက်၊ နံနက် ၉ နာရီတွင် ပုသိမ်ဟိုတယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်း၊ ပါတီမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ် ၇ မြို့နယ်မှ ရပ်မိ၊ ရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ၊ အဆိုပြုလွှာတင်ထားသည့် ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ငပုတောမြို့နယ်တို့မှ ကိုယ်စားလှယ်များနှင့် ပါတီကို လေ့လာလိုသူများက အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်း​ဆောင် သူရဦးရွှေမန်းမှ ဧရာဝတီတိုင်းတွင် တိုင်းဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလက သာသနာရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် တိုးတက်ကောင်းမွန်အောင် ပြည်သူများနှင့်အတူ လက်တွဲ ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများစွာ ရရှိခဲ့ခြင်းအပေါ် ဧရာဝတီတိုင်းမှ ရဟန်းရှင်လူ ပြည်သူများက အသိအမှတ်ပြု ပြောဆိုကြသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးစသည့် အခြေအနေများ၊ ပြောင်းလဲဖြစ်ပေါ်မှုများ၊ ပါတီဖွဲ့စည်းရေးနှင့် စည်းရုံးရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ် ၇ မြို့နယ်မှ ကိုယ်စားလှယ်များက ပါတီခေါင်းဆောင် သူရဦးရွှေမန်းထံ ပါတီဝင်အဆိုပြုလွှာများကို ပေးအပ်ခဲ့ကြပြီး အခမ်းအနားသို့ လာရောက်သတင်းရယူကြသည့် သတင်းဌာနများ၏ မေးမြန်းချက်များကို ပါတီခေါင်းဆောင် သူရဦးရွှေမန်းမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Share.

About Author

Leave A Reply