fbpx

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)

Union Betterment Party

Follow Us : 

ပြည်သူက တာဝန်ပေးလျှင် လက်ရှိအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်အောင် ဆောင်ရွက်မည်ဟု သူရဦးရွှေမန်းပြောကြား

0

သထုံ ဇန်နဝါရီ ၄

(Unicode)

မိမိတို့ပါတီအား ပြည်သူက တာဝန်ပေးအပ်မည်ဆိုလျှင် လက်ရှိအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သော နိုင်ငံ့စီးပွားရေး၊ ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအခြေအနေတို့ ဖြစ်ထွန်းပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကတိကဝတ်လည်းပြုနိုင်ပါကြောင်း၊

အဘယ်ကြောင့်ဆိုသော် မိမိတို့ပါတီတွင် ထိုသို့ဆောင်ရွက်ပေးနိုင်သည့် စေတနာရှိသူ၊ အရည်အချင်းရှိသူ၊ စွမ်းဆောင်ရည်မြင့်မားသူများစွာ ပါဝင်လျက်ရှိပါကြောင်း၊

ဆက်လက်၍လည်း အများအကျိုး၊ ဒေသအကျိုးကို ဆောင်ရွက်လိုသောစိတ်စေတနာရှိသူများ၊ စွမ်းဆောင်နိုင်သူများကို ဒေသအသီးသီးတွင် ရှာဖွေစုဆောင်းနေပါကြောင်း

သထုံမြို့နယ်ရှိ ပအို့ဝ်တိုင်းရင်းသားများနှင့်ယနေ့တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ခေါင်းဆောင် သူရဦးရွှေမန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့၊ ပုဗ္ပာရုံကျောင်းဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုရာ ပအို့ဝ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပါတီဝင်များက လာရောက်ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် သူရဦးရွှေမန်းက ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း၍ ဩဝါဒခံယူကြောင်း သတင်းရရှိသည်။

(Zawgyi)
ျပည္သူက တာဝန္ေပးလ်ွင္ လက္ရွိအေျခအေနထက္ ပိုမိုသာလြန္ကာင္းမြန္ေအာင္ ေဆာင္႐ြက္မည္ဟု သူရဦးေ႐ႊမန္းေျပာၾကား
—————————————
သထုံ ဇန္နဝါရီ ၄

မိမိတို႔ပါတီအား ျပည္သူက တာဝန္ေပးအပ္မည္ဆိုလ်ွင္ လက္ရွိအေျခအေနထက္ ပိုမိုသာလြန္ေကာင္းမြန္ေသာ နိုင္င့ံစီးပြားေရး၊ ျပည္သူမ်ား၏ စားဝတ္ေနေရး၊ လူမႈေရး၊ တရားဥပေဒစိုးမိုးေရး၊ နိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးအေျခအေနတို႔ ျဖစ္ထြန္းေပၚေပါက္လာေအာင္ ေဆာင္႐ြက္ေပးႏိုင္မည္ဟု ယုံၾကည္ပါေၾကာင္း၊ ကတိကဝတ္လည္းျပဳႏိုင္ပါေၾကာင္း၊

အဘယ္ေၾကာင့္ဆိုေသာ္ မိမိတို႔ပါတီတြင္ ထိုသို႔ေဆာင္႐ြက္ေပးႏိုင္သည့္ ေစတနာရွိသူ၊ အရည္အခ်င္းရွိသူ၊ စြမ္းေဆာင္ရည္ျမင့္မားသူမ်ားစြာ ပါဝင္လ်က္ရိွပါေၾကာင္း၊

ဆက္လက္၍လည္း အမ်ားအက်ိဳး၊ ေဒသအက်ိဳးကို ေဆာင္႐ြက္လိုေသာ စိတ္ေစတနာရွိသူမ်ား၊ စြမ္းေဆာင္နိုင္သူမ်ားကို ေဒသအသီးသီးတြင္ ရွာေဖြစုေဆာင္းေနပါေၾကာင္း

သထုံၿမိဳ႕နယ္ရွိ ပအို႔ဝ္တိုင္းရင္းသားမ်ားႏွင့္ ယေန႔ေတြ႕ဆုံစဥ္ သူရဦးေ႐ႊမန္းက ေျပာၾကားသည္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၏ေခါင္းေဆာင္ သူရဦးေ႐ႊမန္းသည္ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၄ ရက္ေန႕ နံနက္ပိုင္းတြင္ သထုံၿမိဳ႕၊ ပုဗၸာ႐ုံေက်ာင္းဆရာေတာ္ႀကီးအား သြားေရာက္ဖူးေျမာ္ၾကည္ညိဳရာ ပအို႔ဝ္တိုင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႔ဝင္မ်ား၊ ပါတီဝင္မ်ားက လာေရာက္ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ သူရဦးေ႐ႊမန္းက ဆရာေတာ္ႀကီးအား လႉဖြယ္ပစၥည္းမ်ား ဆပ္ကပ္လႉဒါန္း၍ ဩဝါဒခံယူေၾကာင္း သတင္းရရွိသည္။

               

Share.

About Author

Comments are closed.