တောင်ငူ ဇန်နဝါရီ ၃၀
(Unicode)
“ဒီမိုကရေစီဆိုတာ ပြည်သူက အစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်လိုက်ရုံနဲ့ မလုံလောက်သေးဘဲ ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရက ပြည်သူများရဲ့ဘဝ တိုးတက်မြင့်မားရေးနဲ့ ပြည်သူများရဲ့ လူမှုဘဝ လုံခြုံအောင် ဆောင်ရွက်ပေးနိုင်မှ ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးသဘောတရားဟာ ပြည့်စုံတယ်” ဟူ၍ အဓိပ္ပါယ်ရသည့် စကားမျိုးကို ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ်တွင် ပြောဖူးပါကြောင်း၊
ထိုစကားသည်မှန်ကန်ပါကြောင်း၊ မိမိတို့ပါတီအား ပြည်သူက တာဝန်ပေးအပ်လာပါက ပြည်သူများရဲ့ဘဝ တိုးတက်မြင့်မားရေး၊ ပြည်သူများရဲ့ လူမှုဘဝ လုံခြုံအောင်ဆောင်ရွက်ပေးနိုင်ရန်အတွက် စီမံပြင်ဆင်ထားပါကြောင်း၊
ပြည်သူက ပေးအပ်လာသည့် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ စီမံပြင်ဆင်ထားပါကြောင်း၊
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ပါတီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားသည်။
—
(Zawgyi)
“ဒီမိုကေရစီဆိုတာ ျပည္သူက အစိုးရတစ္ရပ္ကို ေ႐ြးခ်ယ္တင္ေျမႇာက္လိုက္႐ုံနဲ႔ မလုံေလာက္ေသးဘဲ ေ႐ြးခ်ယ္တင္ေျမႇာက္ခံရတဲ့ အစိုးရက ျပည္သူမ်ားရဲ႕ဘဝ တိုးတက္ျမင့္မားေရးနဲ႔ ျပည္သူမ်ားရဲ႕ လူမႈဘဝ လုံျခဳံေအာင္ ေဆာင္႐ြက္ေပးႏိုင္မွ ဒီမိုကေရစီဆိုတဲ့ ႏိုင္ငံေရးသေဘာတရားဟာ ျပည့္စုံတယ္” ဟူ၍ အဓိပၸါယ္ရသည့္ စကားမ်ိဳးကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ၁၉၄၇ ခုႏွစ္တြင္ ေျပာဖူးပါေၾကာင္း၊
ထိုစကားသည္မွန္ကန္ပါေၾကာင္း၊ မိမိတို႔ပါတီအား ျပည္သူက တာဝန္ေပးအပ္လာပါက ျပည္သူမ်ားရဲ႕ဘဝ တိုးတက္ျမင့္မားေရး၊ ျပည္သူမ်ားရဲ႕ လူမႈဘဝ လုံျခုံေအာင္ေဆာင္႐ြက္ေပးႏိုင္ရန္အတြက္ စီမံျပင္ဆင္ထားပါေၾကာင္း၊
ျပည္သူက ေပးအပ္လာသည့္ တာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္ႏိုင္ဖို႔ စီမံျပင္ဆင္ထားပါေၾကာင္း၊
ကရင္ျပည္နယ္၊ သံေတာင္ၿမိဳ႕နယ္ႏွင့္ ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္႐ွိ ပါတီဝင္မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေတြ႕ဆုံစဥ္ သူရဦးေ႐ႊမန္းက ေျပာၾကားသည္။