နေပြည်တော် ဧပြီ ၂၅
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာအုပ်စုရှိ တွဲလက်ညီညာ နွယ်ရစ်ကျေးရွာ ကျန်းမာရေးစောင့်ရှောက်မှုအသင်းသို့ Mask(၅၀)ခုကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ်Covid 19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့သို့ Mask (၅၀)ခုကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် မေတ္တာရိပ်နာရေးကူညီမှုအသင်းသို့ Mask(၅၀)ခုကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် ကြက်ခြေနီအဖွဲ့သို့ Mask(၅၀)ခုကိုလည်းကောင်း၊ အေးချမ်းသာစံပြကျေးရွာအုပ်စုရှိ အေးချမ်းသာစံပြလူမှုကယ်ဆယ်ရေးအဖွဲ့သို့ Mask(၅၀)ခု တို့ကိုလည်ကောင်း ပါတီစည်းရုံးရေးတာဝန်ခံဦးလှိုင်ဌေးနှင့်အဖွဲ့ က သွားရောက်လှူဒါန်းရာ တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာ လက်ခံရရှိကြောင်း သတင်းရရှိသည်။
ထို့အပြင် တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာနေ သက်ကြီးရွယ်အို အဘိုး၊ အဘွားမိသားစုများအား ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် အိုင်အိုဒင်းဆား တို့ကိုလည်း အိမ်တိုင်ရာရောက် လှူဒါန်းကြကြောင်း သတင်းရရှိသည်။





